International News

အမေရိကန်-ဥရောပသမဂ္ဂကုန်သွယ်ရေးအပေးအယူသဘောတူညီချက်ရရှိရန် (၅၀)ရာခိုင်နှုန်းသာ အခွင့်အရေးရှိသည်ဟု သမ္မတထရမ့်ကဆို

Last Updated:

အမေရိကန်သမ္မတထရမ့်က “ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးအပေးအယူ(Trade Deal)သဘောတူညီမှုရရှိရန် (၅၀)ရာခိုင်နှုန်းသာအခွင့်အရေးရှိကြောင်း၊ ယင်းရာခိုင် နှုန်းထက်လည်းနည်းနိုင်သည်” ဟု စကော့တလန်နိုင်ငံသို့ ခရီးစဉ်မထွက်ခွာမီပြောကြားခဲ့ကြောင်း Politico အွန်လိုင်းသတင်း၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်တွင် ဖော်ပြခဲ့ပါသည်။

အမေရိကန်နိုင်ငံက နိုင်ငံ(၂၇)နိုင်ငံပါဝင်သည့် ဥရောပသမဂ္ဂမှ သွင်းကုန်အားလုံးအပေါ် သွင်းကုန်ခွန်(၃၀)ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှစ၍ ကောက်ခံမည်ဖြစ်ကြောင်း ချမှတ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် ယခင်ရက်သတ္တပတ်များတွင် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများပြုလုပ်လျက်ရှိကြကြောင်း၊သမ္မတထရမ့်က အမေရိကန်-ဥရောပကုန်သွယ်ရေးအပေးအယူ သဘောတူညီမှုသည် ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ပို့ကုန်များအတွက် ကုန် သွယ်ရေးဆိုင်ရာအတားအဆီးများကို လျှော့ချလိုသည့်ဆန္ဒအပေါ်မူတည်နိုင်သည်ဟုပြောကြားခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံက ဥရောပသမဂ္ဂသို့ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာဘီလီယံ (၃၇၀)တင်ပို့ခဲ့ပြီး အကယ်၍ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးသဘောတူညီချက်မရရှိပါက အမေ ရိကန်နိုင်ငံ၏ ဝန်ဆောင်မှုပို့ကုန်များအပါအဝင် ပို့ကုန်တန်ဖိုးပမာဏအများအပြားကိုထိခိုက်နိုင်ကြောင်း၊ သို့ရာတွင် သမ္မတထရမ့်က ၎င်းအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးအပေးအယူသဘောတူညီမှုရရှိနိုင်သည်ဟုယူဆကြောင်း  ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

Source: Politico

https://www.politico.com/news/2025/07/25/trump-eu-trade-deal-00476850

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News