ဈေးကွက်ဈေးနှုန်း

United Nations Inter-Agency Cluster on Trade and Productive Capacity (UNOPS) မှ UN Cluster Coordinator ဖြစ်သူ Mr.salesio T.Zvawada သည် ညွှန်ကြားရေးမှူးချုပ်၊မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲအား လာရောက်တွေ့ဆုံခြင်း

Last Updated:

United Nations Inter-Agency Cluster on Trade and Productive Capacity (UNOPS) မှ UN Cluster Coordinator ဖြစ်သူ Mr.salesio T.Zvawada သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးအား လာရောက်တွေ့ဆုံ၍ ရှမ်းပြည်နယ်၊ အင်းလေး ဒေသခရီးသွားလုပ်ငန်းနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုး တက်မှုနှင့်စပ်လျဉ်း သည့် the Myanmar,SECO-UN Cluster on Trade and Productive Capacity Project အတွက် ကနဦးစတင်မည့်လုပ်ငန်း(မူကြမ်း) Inception Phase Work Plan ကို ဆွေးနွေးခဲ့ပါသည်။

Project ၏ ရည်ရွယ်ချက်မှာ ရှမ်းပြည်နယ်အင်းလေးဒေသရှိ သစ်သီးဝလံဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ ထုတ်လုပ်မှုစွမ်းအားမြှင့်တင်ရေးနှင့် အရည် အသွေးကောင်းထွက်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် အင်းလေးဒေသခရီးသွား လုပ်ငန်း မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်များ ရရှိပြီး ဝင်ငွေတိုးတက်လာခြင်းမှသည် ဒေသခံများ၏ လူနေမှုဘဝမြင့်လားရေး မျှော်မှန်းကာ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

စီမံကိန်းကာလမှာ phase I ကို ၂၀၁၈-၂၀၂၂ ထိ ဖြစ်ကြောင်းနှင့် စီမံကိန်းအတွက် ကနဦး ကွင်းဆင်းလေ့လာခြင်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာမှ ဒီဇင်ဘာလထိဆောင် ရွက်သွား မည်ဖြစ်ပြီး ကွင်းဆင်းလေ့လာခြင်းများ ဆောင်ရွက်မည့် အဖွဲ့လာရောက်၍ ဒေသ၏ အခက်အခဲများနှင့် ဆောင်ရွက်ရမည့်အချက်တို့ကို လေ့လာသွားမည်ဖြစ်ကာ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။