Local News

“စီးပွားရေးလုပ်ငန်း အစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေး စီးပွားရေးစီမံခန့်ခွဲ့မှု သင်တန်း” ဒုတိယနေ့အစီအစဉ် ဆက်လက်ကျင်းပခြင်း။

Last Updated:

        အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ စတုတ္ထအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “စီးပွားရေး လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်းနှင့် ကုန်သွယ်မှုပြုနိုင်ရေး စီးပွားရေးစီမံခန့်ခွဲ့မှုသင်တန်း” ၏ ဒုတိယနေ့သင်တန်းအစီအစဉ်များကို ရန်ကုန်မြို့၊ SMEBi University ရှိ သင်တန်းခန်းမတွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် (၉:၃၀) နာရီ အချိန်တွင် ဆက်လက်ကျင်းပခဲ့ ပါသည်။

          သင်တန်းဒုတိယနေ့တွင် SMEBi University ၏ မန်နေဂျင်းဒါရိုက်တာနှင့် သင်တန်းဆရာ ဖြစ်သူ ဆရာဦးစိုးဟိန်းက ဈေးကွက်သုတေသနပြုလုပ်ရန်နှင့် ဈေးကွက်လေ့လာဆန်းစစ် နိုင်ရန်အတွက် Unique Selling Proposition (USP) ပြုလုပ်ခြင်းအကြောင်းကို ရှင်းလင်းဆွေး နွေးသင်ကြားခဲ့ပါသည်။ ဆက်လက်၍ စီးပွားရေးမဟာဗျူဟာရေးဆွဲရန်နှင့် စီးပွားရေးလုပ်ငန်း အစီအစဉ်များ အပြီးသတ်ရေးဆွဲရာတွင် လိုအပ်သည့်အချက်များကို လက်တွေ့သင်ခန်းစာပြုလုပ်စေပြီး လေ့ကျင့်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းအစီအစဉ်ကို ညနေ (၅:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Category: Local News