Local News

ဧည့်မထဆန်(မနောသုခ)ဟောင်းနှင့်သစ်၊ ပေါ်ဆန်းမွှေး(ဟောင်း)နှင့် ဖွဲနုဈေးများမြင့်တက်ပြီး ပေါ်ဆန်းမွှေး(သစ်)၊ ဆန်ကွဲ B(1,2)/ B(2,3,4)ဈေးများ တည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျှက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၀.၄.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၇၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4)တစ်အိတ်  ၄၅၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၈၈၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။ (၂၄.၄.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၈၀၀၀၀ ကျပ်၊ ဧည့်မထဆန် (သစ်)တစ်အိတ် ၇၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်(သစ်)တစ်အိတ်  ၁၂၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ B(2,3,4) တစ်အိတ်  ၄၅၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၃၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(သစ်)တစ်အိတ် ၅၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ် ၁၀၀၀၀ ကျပ်၊ ဖွဲနု တစ်အိတ် ၁၂၀၀ကျပ်တို့ ဈေးမြင့်တက်ခဲ့ပြီး ပေါ်ဆန်းမွှေး(သစ်)၊ ဆန်ကွဲ B(1,2)နှင့် ဆန်ကွဲ B(2,3,4)ဈေးတို့မှာ တည်ငြိမ်လျှက်ရှိနေပါသည်။ ဧည့်မထဆန်(ဟောင်း)/(သစ်)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)နှင့် ဖွဲနုဈေးများ မြင့်တက်ရခြင်းမှာ ပစ္စည်းအရည်အသွေးနှင့် ဝယ်လိုအားမြင့်တက်ခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။  

 

                                                                                         ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

                                                                                      မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News