Local News

ဧည့်မထဆန်(ဟောင်း)၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)နှင့် ဖွဲနုဈေးများတည်ငြိမ်ပြီး ဧည့်မထဆန်(သစ်)နှင့် ပေါ်ဆန်းမွှေး(သစ်) ဈေးများကျဆင်းကာ ဆန်ကွဲဈေးများမြင့်တက်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၂၀.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ်၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ်၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၅၀၀ဝကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ်၄၂၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၃၉၀ဝ၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၈၀၀ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၇.၂.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) (ဟောင်း)တစ်အိတ် ၇၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၄၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း) တစ်အိတ်၁၂၀၀၀ဝကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀၀ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၈၀၀ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၆၀၀ဝကျပ်နှင့် ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၅၀၀၀ ကျပ်ဈေးကျ၍ ဆန်ကွဲB(1,2)တစ်အိတ် ၃၀၀၀ကျပ်နှင့်  ဆန်ကွဲB(2,3,4)တစ်အိတ် ၁၀၀၀ကျပ် ဈေးများမြင့်တက်ခဲ့ပြီး ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ပေါ်ဆန်းမွှေး(ဟောင်း)နှင့်ဖွဲနု တို့မှာ ဈေးငြိမ်လျက်ရှိနေပါသည်။ ဧည့်မထဆန် (မနောသုခ)(သစ်) နှင့် ပေါ်ဆန်းမွှေး(သစ်) ဈေးများကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းရခြင်း ဖြစ်ပြီး  ဆန်ကွဲB(1,2)နှင့် ဆန်ကွဲB(2,3,4)ဈေးများမြင့်တက်ရခြင်းမှာ ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့် တက်သွားခြင်းဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။   

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

 

Category: Local News