ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ဆန်လက်ကျန်၊ စပါး လက်ကျန်အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏ ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။
ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၄.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း) တစ်အိတ် ၇၀၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် (ဟောင်း) တစ်အိတ် ၁၂၀၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀ဝ ကျပ်၊ ဆန်ကွဲB(1,2) တစ်အိတ် ၄၃၀၀ဝ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀၀ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၅၅၀၀ ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၉.၃.၂၀၂၆)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ) (ဟောင်း)တစ်အိတ် ၆၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၅၃၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၁၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးဆန်(သစ်)တစ်အိတ် ၁၀၀၀၀၀ ကျပ်၊ ဆန်ကွဲ B(1,2)တစ်အိတ် ၄၃၀၀၀ ကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀၀ ကျပ်နှင့် ဖွဲနု တစ်အိတ် ၂၅၅၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၂၀၀ဝ ကျပ်နှင့် ပေါ်ဆန်းမွှေးဆန်(ဟောင်း)တစ်အိတ် ၁၀၀၀၀ ကျပ် ဈေးများကျဆင်းခဲ့ပြီး ပေါ်ဆန်းမွှေးဆန်(သစ်)၊ ဆန်ကွဲB(1,2)၊ ဆန်ကွဲB(2,3,4)နှင့် ဖွဲနု တို့မှာ ဈေးငြိမ်လျက်ရှိနေပါသည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)၊ ဧည့်မထဆန်(မနောသုခ)(သစ်) နှင့် ပေါ်ဆန်းမွှေးဆန်(ဟောင်း) ဈေးများကျဆင်းရခြင်းမှာ ဝယ်လိုအားနည်းခြင်းကြောင့်ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့