Local News

ပဲစဉ်းငုံသီးနှံ ပေါ်ဦးပေါ်စ ဈေးကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပဲစဉ်းငုံသီးနှံကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲစဉ်းငုံသီးနှံသည် ပို့ကုန်ပဲများတွင်တစ်ခုအပါအဝင်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ဝယ်လိုအားများသော သီးနှံလည်းဖြစ်ပါသည်။ ယခုရက်ပိုင်းတွင် ဈေးကွက်ထဲသို့ ပဲစဉ်းငုံ(နီ)အသစ်များ စတင်ဝင်ရောက် လာပြီဖြစ်ရာ ဒီဇင်ဘာလနောက်ပိုင်းတွင် များစွာဝင်ရောက်လာမည်ဖြစ်ပါသည်။ ယခုနှစ်ထွက်ရှိ လာသည့် ပဲစဉ်းငုံသီးနှံသည် အရည်အသွေးကောင်းနေတဲ့အတွက် ပေါ်ဦးပေါ်စမှာပင် ဈေးကောင်းရ နေကာ  စိုက်ပျိုးသူတောင်သူများအနေဖြင့် အဆင်ပြေလျှက်ရှိပါသည်။

ကုန်သည်များသည် အိန္ဒိယဝယ်လိုအားကိုစောင့်မျှော်ကာ ပဲစဉ်းငုံသီးနှံမထွက်ပေါ်မီ စက်တင်ဘာ၊ အောက်တိုဘာတို့မှစ၍ ကြိုပွိုင့်တစ်တင်းလျှင် (၈၀၀၀၀/၉၀၀၀၀)ကျပ်ဈေးဖြင့် ဝယ်နေကြသည်။ ပြီးခဲ့သည့်နှစ်တွင် ပဲစဉ်းငုံ(အဟောင်း)ဈေးသည် ကျပ်(၁၀၀၀၀၀)ဈေးဖြင့် နောက်ဆုံး အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုရက်ပိုင်းတွင် ပဲစဉ်းငုံ(အသစ်)ဈေးမှာ ကျပ်(၁၀၀၀၀၀)ဈေး ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

ယခုဝယ်လိုအားကတော့ ကုန်သည်လုပ်ငန်းရှင်များမှ အဝယ်ရှိနေပြီး အောင်လံနယ်တဝိုက် ဈေးကွက်ထဲသို့ နေ့စဉ်ပဲစဉ်းငုံ(အသစ်)များ ပေါ်စဖြစ်သည့်အတွက် အိတ်(၅၀)လောက်သာ ဝင်ရောက် နေသေးကြောင်း ကုန်သည် တစ်ဦးထံမှသိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News