Local News

ငရုတ်သီးစိမ်း သိသိသာသာစျေးတက်

Last Updated:

ငရုတ်သီးစိမ်း သိသိသာသာစျေးတက်

 မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်သီးသီးနှံကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ငရုတ်သီးသီးနှံသည် ရေကိုကြိုက်နှစ်သက်သော်လည်း ရေဝပ်ခြင်းကို မကြိုက်သောကြောင့် ရေမဝပ်သည့်ဒေသများ၌ စိုက်ပျိုးပါက ပို၍အဆင်ပြေနိုင်ကြောင်း သိရပါသည်။ ငရုတ်သီးစိမ်းကို စားသုံးခြင်းဖြင့် သွေးထဲရှိသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ သွေးတွင်းကို လက်စရောများခြင်းကို ထိန်းညှိပေးခြင်း၊ ဗီတာမင်စီဓာတ် အပြည့်အဝပါရှိခြင်းတို့ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံဖြစ်သော်လည်း ပူစပ်သည့်အရသာရှိသည့်အတွက် အစာအိမ်သမားများ စားသုံးခြင်းမပြုသင့်ကြောင်း၊ ငရုတ်သီးကို အစိမ်းစားသုံးကြသလို အမှည့်ကိုအခြောက်ခံပြီးလည်း စားသုံးကြပါသည်။ ငရုတ်သီးခြောက်ကို စက်ဖြင့်ကြိတ်ကာ အရောင်တင်မှုန့်၊ အကြမ်းမှုန့်များအဖြစ် ထုတ်လုပ်ကြကြောင်း၊ ငရုတ်သီးသီးနှံသည် စားဖို‌ဆောင်သုံးသီးနှံတွင် တစ်ခုအပါအဝင်ဖြစ်ကာ အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်သည့် သီးနှံလည်းဖြစ်သည့်အတွက် ဒေသတွင်းစားသုံးမှုများသည့် သီးနှံလည်းဖြစ်ပါသည်။မိုခါမုန်တိုင်းဒဏ်ကြောင့် ငရုတ်ခင်းများရေနစ်မြုပ်ခြင်း၊ ပြည်ပဝယ်လိုအားရှိနေခြင်း တို့ကြောင့် စျေးနှုန်းသိသိသာသာ တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ ပင်နံငရုတ်သီး စိမ်းသည် ကျောက်စိမ်းငရုတ်သီးစိမ်းထက် ပို၍စပ်သောကြောင့် စျေးလည်းပိုရကာ အရောင်း လည်းပိုသွက်ကြောင်း သိရပါသည်။ ယခင်နှစ်တွင်လည်း ပင်နံငရုတ်သီးစိမ်း စျေးကောင်းရ တဲ့အတွက် ယခုနှစ်တွင် ငရုတ်စိုက်တောင်သူများ တိုးချဲ့စိုက်ပျိုးလာသော်လည်း မုန်တိုင်း ဒဏ်ကြောင့် ရေဝင်ကာ ငရုတ်ခင်းများနစ်မြုပ်၍ ဆုံးရှုံးမှုများခဲ့ကြောင်း သိရပါသည်။ ပင်နံငရုတ်သီးစိမ်းစျေးမှာ ယခင်နှစ်တွင် တစ်ပိသာလျှင်၁ဝဝဝဝကျပ်စျေးရရှိခဲ့ကာ ယခုနှစ်တွင် တစ်ပိသာလျှင်၂ဝဝဝဝကျပ်စျေးအထိ စျေးသိသိသာသာ တက်လာတဲ့အတွက် ငရုတ်စိုက်တောင်သူများ အဆင်ပြေတွက်ခြေကိုက်နေသော သီးနှံဖြစ်ပါကြောင်း လေ့လာသိရှိရပါသည်။                                                                            ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News