Local News

ယခုရက်ပိုင်း ကြက်သွန်နီစျေးမြင့်တက်လာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်နီကို နေရာအနှံအပြားတွင် စိုက်ပျိုးကြသော်လည်း ပခုက္ကူနှင့်ဆိပ်ဖြူဒေသတို့တွင် အဓိကသီးနှံအဖြစ် စိုက်ပျိုးကြပါသည်။ ကြက်သွန်နီသည် စားဖို ဆောင်တွင် မရှိမဖြစ်လိုအပ်သည့် သီးနှံဖြစ်ခြင်း၊ တရုတ်သို့ တင်ပို့ရောင်းချနေရခြင်းတို့ကြောင့် ယခု ရက်ပိုင်းတွင် စျေးနှုန်းအနည်းငယ် မြင့့််တက်လာပါသည်။ ပခုက္ကူကြက်သွန်နီနှင့် ဆိပ်ဖြူ ကြက်သွန်နီတို့သည် စျေးကွက်တွင် နေရာတစ်ခုအနေဖြင့် ရရှိထားပြီးလည်းဖြစ်ပါသည်။ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင်သို့ ဆိပ်ဖြူဒေသမှကြက်သွန်စိုက်ကျေးရွာများအပြင် ပခုက္ကူ၊ ပေါက်၊ ဆော၊ စလင်း(ဆင်ဖြူကျွန်း)‌ ဒေသများမှပင် လာရောက်ရောင်းချကြပါသည်။ အဆိုပါ ကြက်သွန်ကုန်စည်ဒိုင်မှတဆင့် ရန်ကုန်သို့အများဆုံးတင်ပို့ ရောင်းချကြပြီး မူဆယ်၊ မြဝတီ၊ မော်လမြိုင်နှင့် ဧရာဝတီတိုင်းတို့အထိ တင်ပို့ရောင်းချရပါသည်။ ကြက်သွန်နီစျေးမှာ ယခုရက်ပိုင်းတွင် တစ်ပိသာလျှင် (၂၃၅၀)ကျပ်အထိစျေးရရှိပြီး ယခင် ရက်များထက် စျေးရရှိနေပါသည်။ တစ်ရက်လျှင် ကြက်သွန်နီကုန်စည်ဒိုင်သို့ ပိသာ(၁၉၅ဝဝ)ကျော် အဝင်ရှိနေပြီး လက်ကျန်မှာ ပိသာသိန်း(၅၀)မှ(၆၀)ကြား ကျန်ရှိနေကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News