Local News

မိုးနှမ်းရောင်စုံ စျေးအနည်းငယ်တက်

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များတွင် နှမ်းရောင်စုံတို့အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။  အညာနှမ်းသီးနှံကို တရုတ်ဝယ်လက်များမှ အကြိုက်တွေ့နေပြီး အက်စစ်လွတ်သည့် နှမ်းများကို စျေးပိုပေး၍ ဝယ်ယူနေပါသည်။ ပြီးခဲ့သည့်အောက်တိုဘာလ နောက်ပိုင်းတွင် နှမ်းစျေးနှုန်း အတက်အကျနည်းကာ ငြိမ်နေသော်လည်း ယခုနိုဝင်ဘာလ နောက်ပိုင်းတွင် တရုတ်ဝယ်လိုအား ကြောင့် နှမ်းစျေးများအနည်းငယ်မြင့်တက် လာပါသည်။

နှမ်းသီးနှံကို တရုတ်နှင့်ဂျပန်နိုင်ငံတို့မှ အဓိကဝယ်ယူနေပြီး အခြားနိုင်ငံများမှလည်း အမှာရှိ ပါက တင်ပို့ရောင်းချရပါသည်။ ပြည်တွင်းဝယ်လက်များဖြစ်သော ဆီကြိတ်စက်များ၊ နှမ်းလှော်လုပ်ငန်း များနှင့် နှမ်းယိုလုပ်ငန်းများမှလည်း ပုံမှန်ဝယ်လိုအားရှိနေပြီး နှမ်းနက်(စမုံ)ကိုတော့ ပြည်ပဝယ်လက် များမှဝယ်လိုအား ရှိနေခြင်းဖြစ်ပါသည်။

အောင်လံကုန်စည်ဒိုင် နှမ်းစျေးနှုန်းများအနေဖြင့် (၁၇.၁၁.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် (၃၁၀၀၀၀)ကျပ်၊ နှမ်းပြာ/နက် ၄၅ပိသာ(၃)တင်းဝင်(၁)အိတ် လျှင်(၂၇၀၀၀၀)ကျပ်၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင် (၁)အိတ်လျှင် (၃၀၀၀၀၀)ကျပ်၊ နှမ်းနီ ၄၅ပိသာ (၃)တင်းဝင်(၁) အိတ်လျှင် (၂၇၅၀၀၀)ကျပ်စျေးတို့ဖြင့် စျေးငြိမ်နေရာမှ (၂၀.၁၁.၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်(၁)အိတ်လျှင် (၃၂၀၀၀၀)ကျပ်၊ နှမ်းပြာ/နက် ၄၅ပိသာ(၃)တင်း ဝင်(၁)အိတ်လျှင်(၂၈၀၀၀၀)ကျပ်၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင် (၁)အိတ်လျှင် (၃၁၀၀၀၀)ကျပ်၊ နှမ်းနီ ၄၅ပိသာ (၃)တင်းဝင်(၁)အိတ်လျှင် (၂၈၀၀၀၀)ကျပ်တို့ဖြင့် ‌စျေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။

ကုန်အဝင်အားဖြင့် တစ်ရက်လျှင် နှမ်းနက်(စမုံ) အိတ်(၁၀၀၀)မှ(၁၅၀၀)ကြား၊ နှမ်းပြာ/နက် အိတ်(၂၀၀)၊ နှမ်းနီအိတ်(၁၀၀)မှ(၁၅၀)ကြား၊ နှမ်းဖြူအိတ်(၁၀၀)တို့ဝင်ရောက်၍ အရောင်းအဝယ် ဖြစ်နေကာ လာမည့်ဆောင်းနှမ်းများကတော့ အက်ဆစ်လွတ်နိုင်သည့်အတွက် နှမ်းတောင်သူများ စျေးကောင်းရနိုင်မည်ဟု ကုန်သည်တစ်ဦးမှ သုံးသပ်ပြောကြားထားပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News