Local News

ကြက်သွန်နီစျေးနှုန်းများကျဆင်းလာ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူနှင့်ဆိပ်ဖြူဒေသများတွင် ကြက်သွန်နီအဓိက စိုက်ပျိုး ထွက်ရှိရာ နေရာဒေသဖြစ်သည့်အပြင် ကြက်သွန်နီတစ်မျိုးတည်း အဓိကရောင်းဝယ်ဖောက်ကားရာ ကြက်သွန်နီကုန်စည်ဒိုင် တည်ရှိရာနေရာလည်းဖြစ်ပါသည်။ စက်တင်ဘာလဆန်းမှစ၍ စျေးကွက် အတွင်း ပြည်ပဝယ်လိုအားနည်းခြင်း၊ ပြည်တွင်းဝယ်လိုအားမှာ ပုံမှန်ရှိနေသော်လည်း ယခုရက် ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရန်ကုန်(ဘုရင့်နောင်)မှသာ ကုန်ပစ္စည်းအမှာများ ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသများမှ ကုန်ပစ္စည်းအမှာများ မရှိသလောက်ဖြစ်သည့်အတွက် ကြက်သွန်နီ စျေးနှုန်းများ တဖြေးဖြေးကျဆင်းလာသည်။  

          စက်တင်ဘာလတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကြက်သွန်နီအချို့မှာ အရည်အသွေး များကျဆင်းလာသဖြင့် ယခင်ရက်ပိုင်းတွင် ကြက်သွန်နီတစ်ပိသာလျှင်  ကျပ်(၃ဝဝဝ)ကျော် စျေးရရှိ ရာမှ စက်တင်ဘာလ(၂၁)ရက်နေ့တွင် ကြက်သွန်နီတစ်ပိသာလျှင် (၂၅ဝဝ)ကျပ်စျေးသာ ရရှိနေ ပါသည်။ ယခင်သြဂုတ်လ (၂၁)ရက်နေ့တွင် ကြက်သွန်နီတစ်ပိသာလျှင် (၂၉ဝဝ)ကျပ်၊ ယခင်နှစ် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့တွင် ကြက်သွန်နီတစ်ပိသာလျှင် (၃၂ဝဝ)ကျပ်စျေးအထိ ရရှိခဲ့တဲ့အတွက် ယခင်နှစ်၊ ယခင်လများနှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးများ ကျဆင်းလာကြောင်း ကုန်စည်ဒိုင်စျေးနှုန်း သတင်းများအရ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News