Local News

မိုးနှမ်းစုပေါင်းရောင်းချပွဲကျင်းပလျှက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသူတောင်သူများ သီးနှံများကိုပွဲခလွတ်ဖြင့် ရောင်းချ နိုင်ရန် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှဦးဆောင်၍ မိမိတို့သီးနှံများကို မိမိကိုယ်တိုင် စျေးပြိုင်တင်ဒါစနစ်ဖြင့် နိုင်ငံတကာ ပို့ကုန်လုပ်ငန်းရှင်များထံ Viber Video Callခေါ်ကာ  နေ့အလိုက် မိုးနှမ်းစုပေါင်း‌ရောင်းချပွဲအား မြင့်မြတ်တော်ဝင်ကုမ္ပဏီ ကာလာစက်၊ သင်ကြားရေး ဆေးရုံလမ်း၊ မကွေးမြို့တွင် ၁၇.၈.၂၀၂၃ရက်နေ့မှစ၍ ပွဲခလွတ် ဝယ်ယူပေးလျှက်ရှိပါသည်။

          ရောင်းချမည့် တောင်သူများဘက်မှလည်း ရောင်းချမည့်သီးနှံသည် သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီရမည်ဖြစ်သည်။ ယခုလက်ရှိတွင် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ နှမ်းဖြူ(၁)တင်းစျေးနှုန်းများကို A,B,C,Dအစရှိသည့် အဆင့်များခွဲကာ အဆင့်အလိုက် စျေးနှုန်းသတ် မှတ်ဝယ်ယူလျှက်ရှိရာ နေ့စဉ်နှမ်းဖြူတင်းရေ(၁၀၀၀)ကျော် ဝယ်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

          ယခင်နှစ်တွင် လာရောက်ရောင်းချသော နှမ်းအများစုမှာ နှမ်းနက်(စမုံ)များဖြစ်ပြီး ယခုနှစ် တွင် နှမ်းဖြူ(ဂျပန်)များကို လာရောက်ရောင်းချကြသည့်အပေါ် မေးမြန်းရာ နှမ်းဖြူ(ဂျပန်)မျိုးသည် နိုင်ငံအများအပြားမှ ကြိုက်နှစ်သက်ကြသည့်အပြင် နှမ်းစိုက်ပျိုးချိန် သက်တမ်းတိုကာ နှမ်းရိုးကျွတ် မြေပေါ်တွင် မြေပဲများပြန်လည်စိုက်ပျိုးရမည် ဖြစ်သည့်အတွက် ယခုနှစ်ရာသီဥတုအခြေအနေအရ အမြန်ပြန်လည်စိုက်ပျိုးရန် ဖြစ်သည့်အတွက် နှမ်းဖြူများကိုသာ အများအပြားစိုက်ပျိုးကြခြင်းဖြစ် ကြောင်း၊ ယခုနှစ်နှမ်းထွက်ရှိမှုမှာ တစ်ဧကလျှင် (၁၀)တင်းကျော်ထွက်ရှိကြောင်း သိရှိရပါသည်။

          တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ ဝယ်ယူပေးခဲ့သည့် နှမ်းဖြူ(၁)တင်းစျေးနှုန်းများမှာ-

စဉ်

ရက်စွဲ

(၁)တင်းစျေးနှုန်းများ

A

B

C

D

1

17.8.2023

141000

140000

139000

136000

2

18.8.2023

141600

140600

139600

136600

3

19.8.2023

141000

140000

139000

136000

4

21.8.2023

145000

144000

143000

140000

5

22.8.2023

143000

142000

141000

138000

6

23.8.2023

142500

141500

140500

137500

စသည့်စျေးနှုန်းများဖြင့် ရက်အလိုက် ဝယ်ယူပေးနေကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ သတင်းရရှိပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ မကွေးမြို့

Category: Local News