Local News

ပဲတီစိမ်းသီးနှံပေါ်စ ‌စျေးကောင်းရ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းသီးနှံကို မြို့နယ်အားလုံးလိုလို စိုက်ပျိုးကြသည်ကို တွေ့ရပါသည်။ ပဲတီစိမ်းသီးနှံသည် မကွေးတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုးသီးနှံတွင်ပါဝင်သည့် သီးနှံတစ်ခုဖြစ်ပါသည်။ ပဲတီစိမ်းသီးနှံကို စိုက်ပျိုးသောကျေးရွာများမှ မြို့ပေါ်ပွဲရုံနှင့်ကုန်စည်ဒိုင် များသို့ လာရောက်ရောင်းချကြပြီး ပွဲရုံ၊ ကုန်စည်ဒိုင်များမှတဆင့် ရန်ကုန်နှင့်မန္တလေးတို့သို့တင်ပို့ကာ ရောင်းချကြပါသည်။ ပဲတီစိမ်းကို ပြည်ပဝယ်လက်ဖြစ်သည့် တရုတ်နှင့်အိန္ဒိယတို့မှ အဝယ်ရှိနေပြီး ပြည်တွင်းလှောင်လက်များမှလည်း အဝယ်ရှိနေသည့်အတွက် အရောင်းအဝယ်သွက်ကာ သီးနှံပေါ်စ မှာပင်  စျေးကောင်းရနေကြောင်း သိရှိရပါသည်။

          ယခင်ရက်များတွင် ပဲတီစိမ်း(၁)တင်းလျှင် (၅၇၀၀၀)စျေးသာ ရရှိခဲ့ရာမှ ယခုအသစ်ပေါ်စမှာ  ပဲတီစိမ်း(၁)တင်းလျှင် (၆၁၅ဝဝ)ကျပ်စျေးအထိ စျေးကောင်းရရှိနေပါသည်။ မကွေးတိုင်းဒေသကြီး အတွင်း ပဲတီစိမ်းစိုက်ဧကမှာ (၄)သိန်းကျော်ရှိရာ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပျှမ်းမျှ (၁၀.၂၁)တင်းနှုန်း ထွက်ရှိပါသည်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် (၃)သိန်းခွဲကျော်ကုန်ကျပြီး ယခုလက်ရှိပေါက်စျေးနှင့် တွက်ချက်ပါက တစ်ဧကလျှင်(၂)သိန်းခုနှစ်သောင်းကျော် အကျိုး အမြတ်ရရှိသည့်အတွက် တောင်သူများအနေဖြင့် ပဲတီစိမ်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပြီး ရာသီဥတုဒဏ် ခံနိုင်သည့် မျိုးများကို‌ရွေးချယ် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းကောင်းမွန်ကာ ပြည်ပပို့ကုန်အနေဖြင့် ယခုထက်ပို၍ တိုးမြှင့်တင်ပို့နိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News