Local News

တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ ရေသွင်းနှမ်းစုပေါင်းရောင်းချပွဲ(လယ်ကိုင်းစင်တာ(ပွင့်ဖြူ)၏ ဝယ်ယူပေးနေမှု အခြေအနေ

Last Updated:

တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ တိုက်ရိုက်စီစဉ်ဆောင်ရွက်မှုဖြင့် ပွင့်ဖြူမြို့နယ်ရှိ ရေသွင်းနှမ်းများအား စင်တာဖွင့်၍ တောင်သူလက်ရစျေးဖြင့် (၃.၇.၂၀၂၃)ရက်နေ့မှစတင်၍ ဝယ်ယူ ပေးလျှက်ရှိပါသည်။ ပွင့်ဖြူမြို့နယ် လယ်ကိုင်းစင်တာတွင် ရေသွင်းနှမ်းများဖြစ်သည့် နှမ်းနက်နှင့် နှမ်းဖြူတို့၏ အဆင့်များသတ်မှတ်၍ ဝယ်ယူပေးလျှက်ရှိနေပါသည်။  လာရောက်ရောင်းချမည့် တောင်သူများအား လိုက်နာရမည့် စံသတ်မှတ်ချက်(၇)ချက်ထုတ်ပြန်၍ ၎င်းစံသတ်မှတ်ချက်များနှင့် ကိုက်ညီသောနှမ်းများကို ဝယ်ယူပေးလျှက်ရှိပါသည်။ အက်ဆက်ပမာဏ(၂%)ကျော်သော နှမ်းများကို ပို့ကုန်လုပ်ငန်းရှင်များမှ လုံးဝ မဝယ်ယူပါဟုလည်း မှတ်ချက်ပြုထားပါသည်။ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့သည် GAPအဖွဲ့ဝင်တောင်သူများသို့ သွင်းအားစုဓာတ်မြေသြဇာ များအား အရည်အသွေးကောင်းသီးနှံများထွက်ရှိစေရန် အစုအဖွဲ့အနေဖြင့် ဝယ်ယူသည့်အတွက် ကုမ္ပဏီတိုက်ရိုက်စျေးဖြင့် ဖြန့်ဝေပေးလျှက်ရှိပါသည်။ ထို့ပြင် စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ မျိုးစေ့များကို မျိုးကောင်းမျိုးသန့်ရရှိရေး မျိုးစေ့ကော်မတီမှ ထုတ်လုပ်ထွက်ရှိလာသော မျိုးများကို (၃)နှစ်တစ်ကြိမ် မျိုးချိန်းသည့်အစီအစဉ်ဖြင့် အောင်မြင်စွာစိုက်ပျိုးထုတ်လုပ်နိုင်ရန် ချိတ်ဆက်ပေး လျှက်ရှိပါသည်။ အခါအားလျော်စွာ စိုက်ပျိုးရေးပညာရှင်များကို ဖိတ်ခေါ်၍ ရာသီဥတုနှင့်လိုက် လျောညီထွေဖြစ်စေမည့် စိုက်ပျိုးနည်းစနစ်များနှင့် ပိုးမွှားကာကွယ်ရေး နည်းပညာပိုင်းဆိုင်ရာ သင်တန်းများကို စိုက်ပျိုးတောင်သူများသို့ ပို့ချပေးလျှက်ရှိသည့်အပြင် တောင်သူဖွံ့ဖြိုးရေးလုပ်ငန်း များကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီချိတ်ဆက်‌ ဆောင်ရွက်ပေးလျှက်ရှိပါသည်။ ရေသွင်းနှမ်းများဖြစ်သော နှမ်းနက်နှင့်နှမ်းဖြူ Grade Aအဆင့် စျေးနှုန်းများမှာ (၃.၇.၂၀၂၃) ရက်နေ့တွင် နှမ်းနက်နှင့်နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၁၅ဝဝဝ)စျေး၊ (၄.၇.၂၀၂၃)ရက်နေ့တွင် နှမ်းနက်နှင့်နှမ်းဖြူ တစ်တင်းလျှင် ကျပ်(၁၁၅ဝဝဝ)စျေးတို့ဖြင့် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ စင်တာများဖွင့်လှစ်၍ ပြည်ပဝယ်လက်များနှင့် Video Callခေါ်ဆိုကာ တောင်သူလက်ရစျေးများဖြင့် ဝယ်ယူပေးလျှက်ရှိကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးထံမှ သိရှိရပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီး

 

Category: Local News