Local News

နှမ်းရောင်စုံအမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်

Last Updated:

မကွေးတိုင်းဒေသကြီးတွင် ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံအား ရောင်စုံစိုက်ပျိုးလျှက်ရှိ ပါသည်။ နှမ်းနက်(စမုံ)၊ နှမ်းနက်(ရိုးရိုး)၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းညိုစသဖြင့် အရောင်စုံစိုက်ပျိုးကြပြီး နှမ်းနက်(စမုံ)ကို ပြည်ပပို့ကုန်နှမ်းအဖြစ် အများဆုံးတင်ပို့ရောင်းချကြပြီး ကျန်နှမ်းများကို အလှော် ပြုလုပ်၍လည်းကောင်း၊ နှမ်းယိုပြုလုပ်၍လည်းကောင်း၊ နှမ်းဆီကြိတ်ခွဲ၍လည်းကောင်း ထုတ်လုပ် ကြပါသည်။ နှမ်းလှော်မှုန့်ထုတ်လုပ်၍လည်း ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချကြပါသည်။ ပို့ကုန်နှမ်းဖြစ်သည့် နှမ်းနက်(စမုံ)ကို တရုတ်သို့အများဆုံးတင်ပို့ ရောင်းချကြပါသည်။

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် (၃၂၀၀၀၀/ ၃၃၀၀၀၀/၃၄၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် (၃၀၀၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃) တင်းဝင်တစ်အိတ်လျှင် (၂၈၀၀၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းတွင် နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် (၃၄၀၀၀၀/၃၅၀၀၀၀)၊ နှမ်းဖြူ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် (၃၀၀၀၀၀)၊ နှမ်းနီ ၄၅ပိသာ(၃) တင်းဝင်တစ်အိတ်လျှင် (၂၈၀၀၀၀/၃၀၀၀၀၀)ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

ယခင်လနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ) ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၁၀၀၀၀)၊ နှမ်းဖြူမှာစျေးငြိမ်နေပြီး နှမ်းနီ ၄၅ပိသာ(၃)တင်းဝင်တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)ဈေးမြင့်တက်ကာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News