Local News

Myantrade Website အကြောင်း ရှင်းလင်းခြင်း ဆွေးနွေးပွဲ ကျင်းပခြင်း

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏  “Myantrade Website  အကြောင်း ရှင်းလင်းခြင်းဆွေးနွေးပွဲ”ကို  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် နေ့၊ နေ့လယ် ၁၄:၃၀ နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များဦးဆောင်၍ Virtual System ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဒေါက်တာထိန်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ တာဝန်ရှိသူများ၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  တိုင်းဒေသကြီး/ပြည်နယ်များရှိ စိတ်ဝင်စားသည့် MSME လုပ်ငန်းရှင်များ၊ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးထွန်းနိုင်က Myantrade Website အကြောင်းရှင်းလင်း ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များအား  တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါ သည်။ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ဒေါက်တာထိန်လင်းက နိဂုံးချုပ်စကားပြောကြား၍ ညနေ ၁၅:၀၀ နာရီအချိန်တွင် ဆွေးနွေးပွဲ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

Category: Local News