Local News

ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့်တန်ဖိုးမြှင့်ထုတ်ကုန်တိုးချဲ့ထုတ်လုပ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီးအတွင်း ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဖေ ဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ Swen Hotel အစည်းအ​ဝေးခန်း မ၌ “ပြည်ပပို့ကုန်တိုးမြှင့်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် တိုးချဲ့ ထုတ်လုပ်ရေး” အလုပ်ရုံ ဆွေးနွေးပွဲ ကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး၊     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်းများနှင့်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ကုန်သည် လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း( ၆၀ )ဦး တက်ရောက်ခဲ့ပါသည်။ 

ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ဆားထုတ်လုပ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြပြီးအသေးစား၊ အလတ်စားထုတ်ကုန်များထွက်ရှိရာဒေသဖြစ်ပါသည်။ ဆန် နှင့် ပဲအမျိုးမျိုး၊ ရေထွက်ကုန်များ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ အဓိကအားဖြင့် ကုန်ကြမ်း အတိုင်းသာ တင်ပို့ရောင်းချလျက်ရှိသဖြင့် လက်ရှိတင်ပို့နေသည့် ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ နိုင်ရေး၊ တိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုမြင့်မားတိုးတက်လာစေရေး၊  တန်ဖိုးမြှင့် ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်ရေးအတွက် ကြုံတွေ့ရမည့်အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးဖော်ထုတ်နိုင်ခဲ့ပါသည်။ ၍ကဲ့သို့ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍအတူတကွ ပူးပေါင်း ဆွေးနွေး ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူ များ၊ လုပ်ငန်းရှင်များ၊ Exporter များနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်း များအတွက် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါ သည်။

ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

Category: Local News