International News

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့အတွက် ခွာနာလျှာနာကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ တာမြစ်ခြင်းအမိန့်များ ဖျက်သိမ်း

Last Updated:

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့အတွက် ခွာနာလျှာနာကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ တာမြစ်ခြင်းအမိန့်များကို ဖျက်သိမ်းကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့မှ ၁၄-၇-၂၀၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်စဉ်(၉၁) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ Website တွင် ထုတ်ပြန်ကြေညာထားပါသည်။မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့အတွက် ခွာနာလျှာနာကူးစက်ပျံ့နှံ့ခြင်းဆိုင်ရာ တာမြစ်ခြင်းအမိန့်များကို ဖျက်သိမ်းကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနတို့မှ ၁၄-၇-၂၀၂၃ ရက်တွင် အမိန့်ကြော်ငြာစာအမှတ်စဉ်(၉၁) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ Website တွင် ထုတ်ပြန်ကြေညာထားပါသည်။

 

အဆိုပါထုတ်ပြန်ကြေညာချက်တွင်

(က)      လေးအန္တရာယ်များ လေ့လာအကဲဖြတ်ခြင်းအခြေအနေပေါ်မူတည၍ ဤထုတ်ပြန်ကြေညာချက်ကို  ထုတ်ပြန်ကြေညာသည့်ရက်မှ အစပြု၍ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဒေသအချို့အတွက် ခွါနာလျှာနာရောဂါပျံ့နှံ့ ကူးစက်ခြင်းတာမြစ်အမိန့်များကို ဖျက်သိမ်းမည်ဖြစ်ပါကြောင်း၊

(ခ) အဆိုပါဒေသများသည် 37 geographical coordinate endpoints (ပူးတွဲပါ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် ကိုဩဒီနိတ်မျဉ်းများ၊ နယ်ပယ်ခွဲခြားသတ်မှတ်ထားသည့်မြေပုံ) အတွင်းတည်ရှိပါကြောင်း၊

(ဂ) မြန်မာနိုင်ငံတွင်းရှိ အထက်ဖေါ်ပြပါဒေသများအတွက် ခွာနာလျှာနာရောဂါနှင့် သက်ဆိုင်သော တားမြစ်အမိန့်များကို ဆက်လက်ကျင့်သုံးဆောင်ရွက်မည် မဟုတ်ပါကြောင်း

ပါရှိပါသည်။

Category: International News