မုံရွာမြို့အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၇၀၀ မှ ၆၈၀၀ ကျပ်၊ ဧရာမင်း တစ်ပြည် ၅၅၀၀မှ ၆၀၀၀ ကျပ်၊ ပဲဆီ တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၃၅၀၀ မှ ၁၄၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ ၁၇၀၀၀ မှ ၁၈၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၇၂၀၀ ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။
မုံရွာမြို့တွင် စားဖိုဆောင်သုံး စားသောက်ကုန်များ ကြက်သွန်နီ တစ်ပိဿာ ၁၀၀၀ မှ ၁၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ဗမာ) တစ်ပိဿာ ၁၂၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုပ်) တစ်ပိဿာ ၁၇၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀ မှ ၄၅၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာ ၄၀၀၀ ကျပ်၊ နနွင်းတက် တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ငရုပ်သီးခြောက် တစ်ပိဿာ ၁၂၀၀၀ မှ ၁၄၀၀၀ ကျပ်၊ ငရုပ်သီးစိမ်း တစ်ပိဿာ ၄၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀မှ ၄၈၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၂၀၀၀မှ ၃၀၀၀ ကျပ်၊ ခဝဲသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကျောက်ဖရုံသီး တစ်လုံး ၃၅၀၀ မှ ၄၅၀၀ ကျပ်၊ ဗူးသီး တစ်လုံး ၂၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၃၅၀၀ ကျပ်၊ ပဲရှည်သီး တစ်ပိဿာ ၇၀၀၀ ကျပ်၊ မုံလာဥဖြူ တစ်စီး ၁၂၀၀ ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ ၃၀၀၀ ကျပ်၊ ရေဦးပဲငပိ (အခြောက်) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ရေဦးပဲငပိ (အစို) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ သခွားသီးတစ်လုံး ၁၀၀၀ ကျပ်၊ ဂေါ်ရခါးသီး တစ်လုံး ၈၀၀ ကျပ်၊ ကမွန်းရွက် တစ်စီး ၃၀၀ ကျပ်၊ အိုးမုံညင်း တစ်စီး ၅၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စီး ၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၂၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၄၅၀ မှ ၅၀၀ ကျပ်၊ ဘဲဥ တစ်လုံး ၆၀၀ ကျပ် စသည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်နေကြောင်းသိရသည်။
ပဲဆီ၊ နှမ်းဆီ၊ စားသုံးဆီဈေးနှုန်းများမှာ ယခင်လပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးအ နည်းငယ်ကျလာပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး