Local News

ဧည့်မထဆန် (မနောသုခ)( အသစ်) ဈေးတက်၍ ဧည့်မထဆန် (မနောသုခ)ဟောင်း၊ ဆန်ကွဲ၊ ဖွဲနု ဈေးများတည်ငြိမ်လျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် စပါးဈေးကောင်း၍ တောင်သူများ အကျိုးအမြတ်ရှိပြီး ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းတွင် ကုန်ကြမ်း အနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။         

ပဲခူးကုန်စည်ဒိုင်အနေဖြင့် ဆန်မျိုးစုံ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (၁၉.၉.၂၀၂၄) နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ) (သစ်) တစ်အိတ် ၇၂၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၆၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ်အိတ် ၆၁၀၀ဝကျပ် နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝ ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပါသည်။ (၂၆.၉.၂၀၂၄) ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ် အိတ် ၈၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်) တစ်အိတ် ၇၅၀၀ဝ ကျပ်၊ ပေါ်ဆန်းမွှေး ဆန် တစ်အိတ် ၁၃၀၀၀ဝကျပ်၊ ဆန်ကွဲ B (1,2) တစ်အိတ် ၆၅၀၀ဝ ကျပ်၊ ဆန်ကွဲ B (2,3,4) တစ် အိတ် ၆၁၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၁၈၀၀ဝကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ) (ဟောင်း)၊ ပေါ်ဆန်း မွှေးဆန်၊ ဆန်ကွဲနှင့်ဖွဲနုဈေးမှာ အတက်အကျမရှိဘဲ ဈေးတည်ငြိမ်လျက်ရှိကာ ဧည့်မထဆန် (မနောသုခ) (သစ်) တစ်အိတ် ၃၀၀၀ ကျပ်ဈေးမြင့်တက်ခဲ့ပါသည်။ ဧည့်မထဆန် (မနောသုခ) (သစ်)ဈေးမြင့်တက်လာခြင်း မှာ အဝယ်လိုက်လာ၍ဖြစ်ပါကြောင်း ပဲခူးကုန်စည်ဒိုင်ဥက္ကဋ္ဌ ထံမှ သိရှိရပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News