International News

ကမ္ဘာ့အကြီးမားဆုံးပြောင်းတင်ပို့သည့်နိုင်ငံဖြစ်လာသည့် ဘရာဇီး

Last Updated:

အမေရိကန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးဌာန၏ အချက်အလက်များအရ ဘရာဇီးနိုင်ငံသည် ဩဂုတ်လ ၂၀၂၃ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် ကောက်ရိတ်သိမ်းရာသီအပြီးတွင် အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာ့ပြောင်းတင်ပို့မှုအများဆုံးနိုင်ငံဖြစ်လာခဲ့ကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ဈေးကွက်၏ ၃၂% ပမာဏရှိသည့် ပြောင်းတန်ချိန် ၅၆ သန်းကို တင်ပို့နိုင်ခဲ့ပြီး ယခင်တင်ပို့မှုအများဆုံး အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ဈေးကွက်၏ ၃၂% ပမာဏရှိသည့် ပြောင်းတန်ချိန် ၄၁.၃ သန်းကို တင်ပို့ခဲ့ကြောင်း သိရပါသည်။

ဘရာဇီးနိုင်ငံမှ အမေရိကန်နိုင်ငံကို ပြောင်းတင်ပို့မှုတွင် ကျော်ဖြတ်နိုင်ခဲ့သည့် နောက်ဆုံးခုနှစ်မှာ ၂၀၁၃ ခုနှစ်ဖြစ်ပြီး အဆိုပါနှစ်တွင် အမေရိကန်နိုင်ငံ၌ ဆိုးရွားသည့် မိုးခေါင်မှုဖြစ်ပွားခဲ့သောကြောင့် ပြောင်းထုတ်လုပ်မှုတွင် အခက်အခဲများရှိခဲ့သောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ ဘရာဇီးနိုင်ငံပြောင်းထုတ်လုပ်သူများအသင်း၊ ဒုတိယဥက္ကဌမှလည်း ဘရာဇီးနိုင်ငံတွင် ပြောင်းထုတ်လုပ်မှုကို ထပ်မံမြှင့်တင်ရန်အတွက် စိုက်ပျိုးနိုင်သည့် မြေနေရာများစွာ ကျန်ရှိသေးကြောင်း ပြောကြားခဲ့ပါသည်။ အချို့အကြောင်းအရင်းများကလည်း ဘရားဇီးနိုင်ငံကို ယခုလို နံပါတ်တစ်ပြောင်းတင်ပို့ သည့် နိုင်ငံဖြစ်လာစေကြောင်း သိရပါသည်။

ပထမအချက်အနေနှင့် အမေရိကန်နိုင်ငံ၏ နံပါတ်တစ် ပြောင်းတင်သွင်းသူ တရုတ်နိုင်ငံသည် ပြောင်းတင်သွင်းနိုင်မည့်နေရာများကို ချဲ့ထွင်ရှာဖွေနေပြီး ဘရာဇီးနိုင်ငံ၏ ထောက်ပံ့ပို့ဆောင် ရေးလမ်းကြောင်း တိုးတက်လာမှုကြောင့် တောင်အမေရိကနိုင်ငံများနှင့် အာရှနိုင်ငံများအကြား ကုန်တင်ပို့မှုလမ်းကြောင်းမှာ စရိတ်စကသက်သာလာလျက်ရှိပါသည်။ ထို့အပြင် အမေရိကန်နိုင်ငံသည် ၎င်းတို့၏ ပြောင်းထုတ်လုပ်မှုများကို ဘိုင်အိုလောင်စာ ထုတ်လုပ်ခြင်း၊ ဖွဲနုထုတ်ယူခြင်းနှင့် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်ခြင်းတို့တွင် ပိုမိုခွဲဝေအသုံးပြု နေမှုကြောင့် ပြောင်းတင်ပို့မှုကဏ္ဍလျော့နည်းသွားရကြောင်း သိရပါသည်။

ယူကရိန်းစစ်ပွဲနှင့် အမေရိကန်-တရုတ်တင်းမာမှုများမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ပေါ် လာသော ကမ္ဘာ့စားသောက်ကုန် ကုန်သွယ်မှုကွက်လပ်ကို ဘရာဇီးနိုင်ငံမှ ဖြည့်တင်းပေးပြီး ကမ္ဘာ့ အကြီးမားဆုံး စားသောက်ကုန်ထုတ်လုပ်ရာနိုင်ငံဖြစ်လာစေရန်အတွက် ရှေ့သို့တက်လှမ်းနေကြောင်း သိရှိရပါသည်။

Source: Global Finance Magazine

Source: https://www.doca.gov.mm

Category: International News