Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ဈေးနှုန်းယခင်တစ်ပတ်ထက်ဈေးမြင့်တက်လာအခြေအနေ

Last Updated:

ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့ အညာဒေသဘက်မှ ပြောင်းဖူးစေ့များ ဝင်ရောက်လျက်ရှိနေသည်။ ပြည်ပဝယ်လက်မှ ဝယ်ယူမှုရှိခြင်း၊ မွေးမြူရေး အစာစက်ရုံများမှ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ပြောင်းဖူးစေ့ဈေးနှုန်း မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေး ကွက်မှသိရသည်။ ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၆၀၀၀ မှ ၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၄၀၀၀၊ ယခင်လ ကျပ် ၅၃၅၀၀ မှ ၅၂၅၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀ မှ ၂၀၀၀၊ ယခင်လထက် ကျပ် ၂၅၀၀ မြင့်တက်လာသည်။

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၆၀၀၀ မှ ၅၅၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၃၅၀၀ မှ ၅၄၀၀၀၊ ယခင်လ ကျပ် ၅၂၅၀၀ မှ ၅၃၀၀၀ ဖြစ်သည်။   ယခင်တစ်ပတ်ထက်ကျပ် ၁၅၀၀ မှ ၂၀၀၀ ၊ ယခင်လထက်ကျပ် ၂၅၀၀  မှ ၃၀၀၀ မြင့်တက် လာသည်။ ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၃၀၀၀ မှ ၅၄၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၁၀၀၀ မှ ၅၂၀၀၀၊ ယခင်လ ကျပ် ၅၁၀၀၀ မှ ၅၂၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀  ၊ ယခင်လထက်  ကျပ် ၂၀၀၀ မြင့်တက်လာသည်။

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး       

 

Category: Local News