Local News

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘော ၅၅ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်မည်

Last Updated:

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ မတ်လအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောလိုင်း ၁၅ လိုင်းမှ ကုန်တင်သင်္ဘော ၅၅ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှု ပြုလုပ်မည်ဖြစ်ကြောင်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။

မတ်လအတွင်း  ရန်ကုန်အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်မည့် နိုင်ငံတကာကုန်တင် သင်္ဘောလိုင်းများဖြစ်သော MAE-RSK A/S သင်္ဘောလိုင်းမှ   ခုနစ်စင်း၊ COSCO သင်္ဘောလိုင်းမှခြောက်စင်း၊ SAMUDERA သင်္ဘောလိုင်းမှ ခြောက်စင်း၊ MSC သင်္ဘောလိုင်းမှ ငါးစင်း၊ SITC သင်္ဘောလိုင်းမှ ငါးစင်း၊  CMA-CGM သင်္ဘောလိုင်းမှ လေးစင်း၊ Ti2 CONTA-INER သင်္ဘောလိုင်းမှ လေးစင်း၊ EVER-GREEN  သင်္ဘောလိုင်းမှ သုံးစင်း၊ ONE သင်္ဘောလိုင်းမှ သုံးစင်း၊ R.C.Lသင်္ဘောလိုင်းမှ သုံးစင်း၊ BAY  သင်္ဘောလိုင်းမှ နှစ်စင်း၊ BLPL သင်္ဘောလိုင်းမှ နှစ်စင်း၊ LAND AND SEAသင်္ဘောလိုင်းမှ နှစ်စင်း၊ PIL  သင်္ဘောလိုင်းမှ နှစ်စင်း၊  I.A.Lသင်္ဘောလိုင်းမှ တစ်စင်း စုစုပေါင်း နိုင်ငံတကာ ကုန်တင်သင်္ဘော ၅၅  စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မည်ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ ၂၀၂၃  ခုနှစ်အတွင်း နိုင်ငံတကာ ကုန်တင်သင်္ဘောအစင်းရေ ၆၂၉ စင်း ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလက ၄၉ စင်း၊  ဖေဖော်ဝါရီလက  ၅၃ စင်း  ဝင်ရောက်ဆိုက်ကပ် ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုများအတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဧရိယာ၌ အလျားမီတာ ၂၀၀ Deadweight Tonnage (DWT))တန် ၃၅၀၀၀ ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်သည့် ဆိပ်ခံတံတား ၂၈ စင်းနှင့် သီလဝါအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ဧရိယာ၌ အလျားမီတာ ၃၀၀ Dead-weight Tonnage (DWT) တန် ၅၀၀၀၀ ရှိသော အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်သည့်  ဆိပ်ခံတံတားအစင်း ၂၀ တို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။                       

Source: https://www.myawady.net.mm

Category: Local News