Local News

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် နှမ်းနှင့် ပဲဇီးကွက် အရောင်းအဝယ်ကောင်းမွန်လာ

Last Updated:

မန္တလေး ပဲ၊ နှမ်းဈေးကွက်တွင် နှမ်းနှင့် ပဲဇီးကွက် အရောင်းအဝယ်ကောင်းမွန်လာကြောင်း ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲ၊ ပြောင်း၊ နှမ်း စသည့်ကုန်စည်များထဲတွင် ယခင်က နှမ်းနှင့် ပဲဇီးကွက်မှာ ပြည်တွင်းဈေးကွက်အတွင်းက ဝယ်ယူမှုနည်းခြင်းကြောင့် အရောင်းအဝယ်အေးနေခဲ့ကြောင်း၊ ယခုလက်ရှိတွင် နှမ်းနှင့် ပဲဇီးကွက်ကို ကုန်သည်များက ဝယ်ယူမှုပြန်လည်များပြားလာပြီး အရောင်းအဝယ်မှာ အကောင်းဆုံးအနေအထားတွင် ရှိနေကြောင်း သိရသည်။ နှမ်းနဲ့ ပဲဇီးကွက်က အရင်တစ်ပတ်လောက်က မန္တလေးဈေးကွက်ထဲ အရောင်းအဝယ်အေးနေခဲ့တယ်။ အခုလက်ရှိမှာတော့ အရောင်းအဝယ် ပြန်ကောင်းမွန်လာတဲ့အပြင် ပြည်ပကပါ ဝယ်ယူမှုတွေရှိလာပါတယ်။ ဒါ့ပြင် အခြားကုန်စည်တွေလဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြသည်။

မန္တလေး ပဲ၊ နှမ်း ဈေးကွက်အတွင်း ယနေ့ပေါက်ဈေးအရ နှမ်းညိုသုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ နှမ်းနက်(စမုန်) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၅၈၀၀၀၀၊ နှမ်းဖြူသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၉၀၀၀၀၊ ပဲဇီးကွက် သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ အလားတူ မန္တလေး ပဲ၊ နှမ်း ဈေးကွက်အတွင်း ယနေ့ ပေါက်ဈေးအရ ကုလားပဲ(V2) သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၁၃၀၀၀၊ ကုလားပဲ(V7)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀၊ ကုလားပဲ(TW) သုံး တင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၈၆၀၀၀၊ ကုလားပဲ(929)သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ မြေထောက်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)မှ သိရှိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News