Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ ယခင်ပတ်နှင့်ယခုပတ်နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

အောက်တိုဘာလ စတုတ္ထပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသည့် ဆီထွက်သီးနှံ များ၏ ဈေးကွက်အခြေအနေမှာ နှမ်းများအဝင်များ၍  နှမ်းဖြူ၊ နှမ်းနက်ဈေး ငြိမ်နေပြီး နှမ်းဝါ ဈေးနှုန်းများ အနည်းငယ်မြင့်တက်၍ နှမ်းညို၊ မြေပဲလုံးဆံဖြူနှင့် ဆီဆံဈေး နှုန်းများ ကျဆင်းနေကြောင်းသိရသည်။ ယခုအပတ်တွင်း နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၀၀၀၀ - ၁၀၈၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၀၀၀၀-၁၁၀၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀-၁၀၅၀၀၀) ကျပ်ဖြစ်ကာ ယခင်ပတ်ကာလတူအချိန် ပေါက် ဈေးနှုန်းမှာ နှမ်းညိုတစ်တင်းလျှင် (၉၆၀၀၀) ကျပ်၊ နှမ်းဝါ တစ်တင်းလျှင် (၁၀၂၀၀၀-၁၀၅၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၀၀၀၀၀-၁၁၆၀၀၀) ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၉၀၀၀၀-၁၀၅၀၀၀) ကျပ်ရှိနေကြောင်းသိရသည်။

ယခုအပတ်တွင်း မြေပဲလုံးဆံပေါက်ဈေးနှုန်းနှင့် ဆီဈေးနှုန်းများမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၅၈၀၀ - ၆၀၀၀) ကျပ် မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၅၀၀) ကျပ်ရှိပြီး ယခင်ပတ်ကာလ တူပေါက်ဈေးနှုန်းမှာ မြေပဲလုံးဆံဖြူ တစ်ပိဿာ (၆၁၀၀-၆၆၅၀) ကျပ်၊ မြေပဲဆီဆံဖြူ တစ်ပိဿာ (၅၇၅၀) ကျပ်၊ ယခုအပတ် ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူနှင့် မြေပဲဆီဆံဖြူ ဈေး နှုန်း ကျဆင်းနေကြောင်းသိရသည်။ ယခုတစ်ပတ်တွင် ပဲဆီ တစ်ပိဿာ (၁၁၅၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၂၅၀၀) ကျပ်၊ ပဲဖတ် တစ်ပိဿာ(နယ် - ၂၄၇၅ )ကျပ်၊ နှမ်းဖတ် တစ်ပိဿာ ( ၂၂၅၀ ) ကျပ်၊ နေကြာဖတ် တစ်ပိဿာ (၁၈၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြောင်းသိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News