Local News

ရခိုင်ပြည်နယ်စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၂၁-၁၀-၂၀၂၃) မှ (၂၇-၁၀-၂၀၂၃) အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ နနွင်းတက်၊ ကွမ်းသီး၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနှင့် ဇီးယိုထုပ်တို့ တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၀၈၂၂၈ ဒဿမ ၂၈ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ကွမ်းသီးတန်ချိန် ၁၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ကွမ်းသီးတန်ချိန် ၁၇ တန် တင်ပို့ခဲ့ပြီး ယခင် အပတ်ထက် ယခုအပတ်တွင် ကွမ်းသီးတန်ချိန် ပိုမို၍တင်ပို့ နိုင်ခဲ့ကြောင်းသိရပါသည်။ ယခု အပတ် ကွမ်းသီးတင်ပို့နိုင်မှု ငွေပမာဏမှာ ၄၁၇၆၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးသိုင်းခေါင်းပွ တန်ချိန် ၁၇ ဒဿမ ၄၂၄ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးသိုင်းခေါင်းပွတန်ချိန် ၂၀ ဒဿမ ၁၁၂ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးသိုင်းခေါင်းပွတန်ချိန် တင်ပို့နိုင် မှုလျော့နည်းသွားကြောင်းသိရပါသည်။ ယခုအပတ် ငါးသိုင်းခေါင်းပွတင်ပို့နိုင်မှု ငွေပမာဏမှာ ၂၃၁၉၇ ဒဿမ ၄၄ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Category: Local News