Local News

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Last Updated:

တာချီလိတ်ကုန်သွယ်ရေးစခန်းမှယခုအပတ် (၁၈-၁၁-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး(၃၃၇.၅) တန်၊တန်ဖိုး (၀.၁၈၇)ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၅၁) တန်၊ တန်ဖိုး (၀.၁၁၃) ဒေါ်လာသန်း၊စက္ကူဖြတ်စ (၁၆၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာ သန်း၊ Maganese Dioxode (၆၇၂) တန်၊ တန်ဖိုး (၀.၀၅၈) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၂၀)တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၈၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခင်အပတ်ထက်ကြက်သွန်နီ (၆၀) တန် ၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ ရော်ဘာစေး (၂၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ အလူမီနီယမ်ဖြတ်စ (၄) တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်းနှင့်ဆီးဆံ(၁၇) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ယခင်အပတ်ထက် (၀.၁၄၇) ဒေါ်လာသန်းလျော့နည်း တင်ပို့ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှ ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၂၄) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၈-၁၁-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃ ထိ)တွင် ဓာတ်ဆီ (၂၀၉၃) BBL၊ တန်ဖိုး (၀.၂၃၁) ဒေါ်လာသန်း၊ ဒီဇယ် (၂၀၉၆) BBL ၊ တန်ဖိုး (၀.၂၈၃) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၃၀) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၆၅၀) ဒေါ်လာသန်း၊ ဓါတုဗေဒပစ္စည်းများ (၀.၀၁၀) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၆) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၂၉) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၂)ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၀၃၈) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၆၃၆) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ ယခင်အပတ် (၁၁-၁၁-၂၀၂၃ မှ ၁၇-၁၁-၂၀၂၃ ထိ)နှင့် နှိုင်းယှဉ်ပါက သွင်းကုန်တန်ဖိုး (၀.၃၁၇) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News