Local News

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့/တင်သွင်းနိုင်မှုအခြေအနေ

Last Updated:

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၇)ရက်နေ့မှနိုဝင်ဘာလ(၂၈) ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုငါးမှုန့်တစ်တန်လျှင် (၈၈၈) ဒေါ်လာနှုန်းဖြင့် (၉၀၀) တန်၊ တန်ဖိုး (၀.၇၉၉) ဒေါ်လာသန်း၊ ငါးကြိတ်သားတစ်တန်လျှင် (၁၈၀၇) ဒေါ်လာနှုန်းဖြင့် (၅.၉၂) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ စုစုပေါင်းပို့ကုန်တန်ဖိုး(၀.၈၁၀) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ် တစ်သိန်း)ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မှ နိုဝင်ဘာလ (၂၉) ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ငါးဖမ်းပစ္စည်း (၂၀.၄၁၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ ဆိုင်ကယ် အပိုပစ္စည်း (၀.၅၇) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ဆိုင်ကယ်တာယာ(၄၀၀)U၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကြွေပြားကပ်အမှုန့်(၈၂) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၀၃၅)ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့်ဒီဇယ် တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၆) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Source: https://commerce.gov.mm

Category: Local News