Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ(၂၀-၁၁-၂၀၂၃)ရက်နေ့မှ(၂၄-၁၁-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ပြောင်း၊ ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်း ဆီဖောင်းခြောက်၊ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊တွင်းထွက်ပစ္စည်းများဖြစ်သော ခဲ/သတ္တုများနှင့်CMP ပစ္စည်းများကိုတင်ပို့ခဲ့ပါသည်။ (၂၀-၁၁-၂၀၂၃)ရက်နေ့မှ (၂၄-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်​သော ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

(၂၀-၁၁-၂၀၂၃)ရက်နေ့မှ (၂၄-၁၁-၂၀၂၃)ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

(၂၀-၁၁-၂၀၂၃)ရက်နေ့မှ (၂၄-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ အဝတ်အထည်၊ CMP၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။ ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၆.၁၅)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၆.၁၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးတည်ငြိမ်လျက်ရှိပါသည်။

(၁၈-၁၁-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ(၁)တန်လျှင်(၇၉၉.၁၂၀) ‌ဒေါ်လာဖြင့် (၂.၁၂၀) ဒေါ်လာသန်း၊  ငရုတ်သီး (အခြောက်) (၁)တန်လျှင် (၁၅၆၁.၁၇၇)‌ဒေါ်လာဖြင့် (၉၀၁.၂၄၃)တန်(၁.၄၀၇)ဒေါ်လာသန်း၊  သတ္တုနှင့်သတ္တုရိုင်း များ (၁)တန်လျှင်(၂၁၃၇.၂၉၄) ဒေါ်လာဖြင့်(၃၄၆.၇၀၀)တန် (၀.၇၀၀) ဒေါ်လာသန်း၊ ဂေါ်ဖီ (၁) တန်လျှင်(၂၀၃.၇၇၁) ဒေါ်လာဖြင့် (၂၇၅၈)တန် (၀.၅၆၂)ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၂.၉၉၆) တန်၊(၆၀၇၆၃)U(၀.၄၄၆)ဒေါ်လာသန်း၊ပြောင်း(၁)တန်လျှင်(၂၇၃.၁၃၈)‌ ဒေါ်လာဖြင့်(၈၈၆.၀၀၀) တန်(၀.၂၄၂)ဒေါ်လာသန်း၊ မတ်ပဲ(၁)တန်လျှင် (၁၄၄၃.၇၅၀)ဒေါ်လာဖြင့်(၁၆၀.၀၀၀)တန်(၀.၂၃၁) ဒေါ်လာသန်း၊ ကွမ်းသီး(၁)တန်လျှင်(၁၅၃၄.၂၅၈) ဒေါ်လာဖြင့် (၉၅.၁၆၀) တန် (၀.၁၄၆) ဒေါ်လာ သန်း၊ ငါးမျိုးစုံ (၁)တန်လျှင် (၁၀၀၇.၈၁၁) ဒေါ်လာဖြင့် (၃၉.၆၉၀) တန် (၀.၀၄၀) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း(၁)တန်လျှင် (၁၀၇၈.၃၁၇) ဒေါ်လာဖြင့် (၃၂.၄၅၈) တန် (၀.၀၃၅) ဒေါ်လာ သန်းတို့ဖြစ်ပါသည်။

(၁၈-၁၁-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ချုပ်ပြီးအထည်(၃.၅၂၁)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၀၅၅) ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ)ဆောက်လုပ်ရေးပစ္စည်းများ (၃.၂၄၄)ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ(၁.၇၆၀)ဒေါ်လာသန်း၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၀၂) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ(၀.၈၃၅) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ(၀.၈၃၂)ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၇၈၃)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၀.၇၇၉) ဒေါ်လာ သန်း၊ တာယာနှင့်ကျွတ်များ (၀.၇၇၆) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်း (၀.၅၈၇) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၇.၁၆၀) ကန်ဒေါ်လာသန်း၊သွင်းကုန် (၆၆.၆၆၂) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ( ၈၃.၈၂၂ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Source: https://commerce.gov.mm

Category: Local News