Local News

မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်နေ့မှ(၂၆) ရက်နေ့အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၂၉၈၇)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၀၁) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၀၈၈)သန်း ကုန်သွယ်မှုဆောင်ရွက် နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိအဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၇၈.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၈၇)သန်း၊ ဂျင်းခရု (အရှင်) (၁၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂၂)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၂၅) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၁)သန်း၊ ဂဏန်း(အသေ) (၁၂)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၄၅) သန်း၊ ရေခူဆားနယ်  (၁၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၃၁၃)သန်း၊ ကျောက်ပုဇွန်(အရှင်) (၁.၀၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၂၂၃)၊ ငှက်ပျောသီး (၆၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈၄)သန်း၊ ငရုတ်သီးစိမ်း (၁၃.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၃)သန်း၊ ကြက်သွန်နီ (၁၀၄.၈)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိက တင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၆)သန်း၊ ပုစွန်သားပေါက် အကောင်ရေ(၁)သန်း၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၉)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၆)သန်း ဖြစ်ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏(၁)တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၁၂၆၃.၇၆) ဒေါ်လာနှုန်း၊ (၇၈.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၈၇) သန်း၊ ဂျင်းခရု (အရှင်) (၁၅၃၁.၀၃) ဒေါ်လာနှုန်း၊ (၁၄.၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂၂) သန်း၊ ရွှံ့ဂဏန်း (အရှင်) (၄၀၀၀) ဒေါ်လာနှုန်း၊ (၀.၂၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁) သန်း၊ ဂဏန်း (အသေ) (၁၂၀၈.၃၃) ဒေါ်လာနှုန်း၊ (၁၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၄၅) သန်း၊ ရေခူဆားနယ် (၁၉၅၆.၂၅) ဒေါ်လာနှုန်း၊ (၁၆) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၁၃) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၆၄၈.၁၅) ဒေါ်လာနှုန်း၊ (၁.၀၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၂၃) သန်း၊ ငှက်ပျောသီး (၃၀၆.၆၇) ဒေါ်လာနှုန်း၊ (၆၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၈၄)သန်း၊ ငရုတ်သီးစိမ်း (၇၈၆.၂၆) ဒေါ်လာနှုန်း၊ (၁၃.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၀၃)သန်း၊ ကြက်သွန်နီ (၇၆၃.၃၆) ဒေါ်လာနှုန်း၊ (၁၀၄.၈) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၈) သန်းဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ-သစ်သီး (၂၆၆.၆၇) ဒေါ်လာနှုန်း၊ (၆)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၆) သန်း၊ ပုစွန်သားပေါက်အကောင်ရေ(၁)သန်းလျှင်(၅၉၁၅)ဒေါ်လာနှုန်း၊ (၁)သန်း U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၉)သန်း၊ ကြွေပြား (၁) M2 လျှင် (၃.၂၉) ဒေါ်လာနှုန်း၊ (၈၀၀) M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၆)သန်းဖြစ်ပါသည်။

မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ်(၁)စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့်ကုန်ပွ(၇၀၀,၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်- တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၂၅-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲ နှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၄၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၆.၁၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Source: https://commerce.gov.mm

Category: Local News