Local News

ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ၂၂ရက်နေ့မှ ၂၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၁၂၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၈၇၅)သန်းနှင့် သွင်းကုန်တန်ချိန် (၄၁၁) ၊(၁၁၂၅) BBL ၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၇၃)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ (၃.၁၄၈) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၂၇၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅၀၀၀.၀၀)၊ (၁) (၁၂၈၉၇၃.၆၀)၊ (၁) တန်ဈေးနှုန်း(၁၀၈၀) အမေရိကန်ဒေါ်လာ၊ ဘေးဝါငါးတန်ချိန် (၁၀၄.၁၉၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၂၃၁၁.၆၈)၊ (၁)တန် စျေးနှုန်း (၇၉၀) အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန် (၁၃၅.၀၉၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၁၈၄၄.၅၀)၊(၁)တန်စျေးနှုန်း (၁၀၅၀)အမေရိကန်ဒေါ်လာ၊ ငါးခွေးလျှာတန်ချိန် (၂၆.၈၅၀)၊ တန်ဖိုးအမေရိကန် ဒေါ်လာ(၃၀၀၇၂.၀၀)၊ (၁)တန် စျေးနှုန်း (၁၁၂၀) အမေရိကန်ဒေါ်လာ၊ ကုလားကုတ်တန်ချိန် (၃.၁၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၇၇၂.၈၀)၊ (၁)တန် (၁)တန်စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန် (၄၁.၉၉၁)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၃၂၉၇.၈၆)၊ (၁)တန်စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာ၊ ကဏန်း တန်ချိန် (၁၀.၇၃၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၇၃၉.၁၀)၊ (၁)တန်စျေးနှုန်း (၃၈၉၀)အမေရိကန်ဒေါ်လာ၊ကျောက်ငါးတန်ချိန် (၀.၈၂၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၉၈၄.၄၀)၊ (၁)တန်စျေးနှုန်း (၂၄၂၀) အမေရိကန်ဒေါ်လာတို့ ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာဒီဇယ်ဆီတန်ချိန် (၁၅၀)တန်၊ တန်ဖိုး အမေရိ ကန်ဒေါ်လာ (၁၅၆၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၁၀၄၀) အမေရိကန်ဒေါ်လာ၊ ဓါတုဗေဒပစ္စည်းတန်ချိန် အမေရိကန်ဒေါ်လာ၊ အိုင်အိုဒင်းဆား တန်ချိန် (၇၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၀၀.၀၀) ၊ (၁) တန်ဈေးနှုန်း (၈၅.၇၁) အမေရိကန်ဒေါ်လာ၊ ငါးဖမ်းပိုက်တန်ချိန် (၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၈၅၇.၁၄) အမေရိကန်ဒေါ်လာ၊ ဆပ်ပြာအမျိုးမျိုး တန်ချိန် (၁၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၁၀၇၁.၄၂) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန် ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀ဝိ/- ကျပ် ရှိကြောင်း သိရှိရပါသည်။

ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှု ကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။ (၂၇-၁၁-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၄၁.၆၇)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၆) ကျပ်ခန့်(၂၆-၁၁-၂၀၂၃) ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News