Local News

မုံရွာကုန်စည်ဒိုင်၏ ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲသီးနှံနှင့် နှမ်းမျိုးစုံတို့၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေ

Last Updated:

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းများအရသိရသည်။

မတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၃၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၉၆၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် လေးသောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲစင်းငုံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ်၅၄၃၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၄၅၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် ငါးသောင်းကျော်  ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ပဲတီစိမ်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၅၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၈၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်း လျှင် ကျပ် တစ်သောင်းကျော်  ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၂၀ မှ ၃၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ကုလားပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၆၆၀၀၀၊ 929  တစ်တင်းလျှင် ကျပ် ၆၂၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၆၀၅၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် ကျပ် ၉၄၅၀၀၊ 929  တစ်တင်းလျှင် ကျပ် ၉၂၀၀၀၊ ထိုင်ဝမ် တစ်တင်းလျှင် ကျပ် ၉၁၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် နှစ်သောင်းကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စွန်တာနီ/ပြာ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၀၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် တစ်သောင်းကျော် ပိုမိုခဲ့ပါသည်၊ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၂၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

ထောပတ်ပဲ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၄၇၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပဲတစ်တင်းလျှင် ကျပ် ၁၀၅၀၀၀ ဖြင့် အရောင်း အဝယ် ဖြစ်ခဲ့ကာ တစ်တင်းလျှင် ခြောက်သောင်းခန့် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

အစေ့ထုတ်ပြောင်း

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပြောင်းတစ်တင်းလျှင် ကျပ် ၁၇၈၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်  ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် ပြောင်း တစ်တင်းလျှင် ကျပ် ၁၈၂၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် လေးရာပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၁၀ မှ ၁၅ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

မြေပဲဆံသီးနှံ

မုံရွာကုန်စည်ဒိုင်၌  ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၅၇၅၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၅၂၀၀ ဖြစ်ခဲ့ပြီး ယခုနှစ်  ဒီဇင်ဘာလ(စတုတ္တ)တွင် မြေပဲဆံနီ တစ်ပိဿာလျှင် ကျပ် ၆၃၀၀၊ မြေပဲဆံဖြူ တစ်ပိဿာလျှင် ကျပ် ၆၂၅၀ ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ကာ တစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော် ပိုမိုခဲ့သည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရသည်။

နှမ်းမျိုးစုံသီးနှံ

မုံရွာကုန်စည်ဒိုင်၌ ယခင်နှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၃၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၇၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၇၁၀၀၀ ဖြစ်ခဲ့ပြီး ယခုနှစ် ဒီဇင်ဘာလ(စတုတ္တ)ပတ်တွင် နှမ်းနက် တစ်တင်းလျှင် ကျပ် ၁၁၆၀၀၀၊ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းညို တစ်တင်း လျှင် ကျပ် ၈၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကာ တစ်တင်းလျှင် ကျပ် သုံးသောင်းကျော် ပိုမိုခဲ့ပါသည်။ တစ်ရက်လျှင် အိတ်ရေ ၅၀ မှ ၇၀ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်းများစာရင်းအရ သိရပါသည်။

Source: https://www.doca.gov.mm

Category: Local News