Local News

ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၁၅၇)၊  တန်ဖိုး  အမေရိကန်ဒေါ်လာ (၁.၁၀) သန်းနှင့် သွင်းကုန်တန်ချိန် (၄၁၉)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၈၄) သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ (၁.၃၈၄) ဒေါ်လာသန်း ဖြစ်သည်။

အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းမှာ ငါးဖမ်းပိုက်အသေးစား (၁၉) တန်၊ ဆီအုန်း (၂၈၀) တန်၊ ကဗျက်ငါး (၅၆.၁၇၀) တန်၊ ငါးခွေးလျှာ (၄.၅၂၀) တန်၊ ကင်းမွန် (၁၁.၂၁၀) တန်၊ ငါးပါကင် (၈၁.၈၅၄) တန်၊ ငါးမဲလုံး (၅၆.၈၀၀) တန်၊ ပလာလန်းငါး (၁၅.၆၇၀) တန်၊ ပလာတူးငါး (၃၂.၂၇၀) တန်နှင့် ငါးဝိုင်း (၅.၅၂၀)တန် တို့ဖြစ်သည်။ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ကြိုး (၂၅) တန်၊ ပလပ်စတစ်ရေခဲပုံး (၇) တန်၊ ငါးဖမ်းပိုက် (၃၁) တန်၊ ကြွေပြားအရေအတွက် (၁၃၅၅၀) စတုရန်းမီတာ၊ ဖိနပ် (၁၆၇၀၄၀) ရံ၊ သကြားလုံး (၂၉) တန်၊ ထမင်းပေါင်းအိုး အရေအတွက် (၁၈၉၆) လုံး၊ လေအေးစက် အရေအတွက် (၃၄၅) လုံး၊ ပီလောပီနံမှုန့် (၂၇၀) တန်ဖြစ်ကြောင်း သိရှိရသည်။

၁-၁-၂၀၂၄ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၁၅.၂၃) ဘတ်၊ (၁) ဘတ်လျှင် (၉၈.၅) ကျပ်ခန့် ဖြစ်ကြောင်းသိရှိရသည်။

Source: https://commerce.gov.mm

Category: Local News