Local News

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့်စီးထွက်မှုအခြေအနေ

Last Updated:

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန် အသစ်များပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ (စတုတ္ထ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၁၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၁၅၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်)တင်း၁၀၀ လျှင် ၁,၇၀၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၅,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း ၁၀၀ လျှင် ၂,၈၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၅,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂၈၀၀,၀၀၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၇၅,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း) ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ ပြည်တစ်အိတ်မှာကျပ် ၆၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀ လျှင် ကျပ် ၁,၉၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ ပြည်တစ်အိတ်မှာကျပ် ၉၀,၀၀၀ ဧရာမင်း (စပါး) သစ် တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂,၈၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၂၅၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း)တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ ပြည် တစ်အိတ်မှာ ကျပ် ၁၄၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁,၇၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း ၁၀၀လျှင် ကျပ် ၂၇၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ ပြည်တစ်အိတ်လျှင် ကျပ် ၁၀၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ ဒီဇင်ဘာလ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂၀၀၀၊ မန္တလေး သို့ အိတ်ရေ ၁၇၁၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၅၀၀၊ မွန်သို့ အိတ်ရေ ၃၄၆၀၊ ကချင်သို့ အိတ်‌ရေ ၂၈၉၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀  စုစုပေါင်း အိတ်ရေ (၄၅၀၅၀) အိတ်၊ တန်အား ဖြင့် (၂၂,၅၂)  စီးထွက်ခဲ့သည့်ပြီး ယခု  ဒီဇင်ဘာလ (စတုတ္တ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၁၅၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၃၀၀၊ မွန်သို့ အိတ်ရေ ၈၃၈၀၊ ကချင်သို့ အိတ်‌ရေ ၃၉၆၆၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀  စုစုပေါင်း အိတ်ရေ (၄၆၆၄၆) အိတ်၊ တန်အား ဖြင့် (၂၃၃၂) စီးထွက်ခဲ့သည့်အတွက်  ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခု ပတ်တွင် အိတ်ရေ (၁၅၉၆) အိတ်၊ တန်အားဖြင့် ( ၈၀)ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။        

Source: https://www.doca.gov.mm

Category: Local News