Local News

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Last Updated:

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊နေကြာကို မိုး၊ ဆောင်းရာသီနှစ်မျိုးလုံးစိုက်ပျိုးကြပြီး ထွက်ရှိသော သီးနှံများကို ရာသီချိန်တွင်ဒေသတွင်း စားသုံးမှုအတွက်ကြိတ်ခွဲထုတ်လုပ်ကြသည့် အပြင်ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ရောင်းချကြကြောင်း၊ ယခုအခါ ပဲဖတ်၊ နှမ်းဖတ်ဈေးနှုန်းများ မြှင့်တက်လာသဖြင့် ဆီစက်များကြိတ်ခွဲထုတ်လုပ်မှု များလာကြောင်း သိရှိရပါသည်။
   ယခုဇန်နဝါရီလ တတိယပတ်တွင် နှမ်းညိုတစ်တင်း လျှင်(၉၅၀၀၀-၉၇၅၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင်(၉၅၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၄၀၀၀-၁၅၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၈၀၀-၄၈၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် နှမ်းညိုနှင့် နှမ်းဖြူ တစ်တင်းလျှင် (၈၀၀၀-၉၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၅၀၀-၁၀၀၀) ကျပ်ခန့်မြင့်တက်လာကြောင်း၊ နှမ်းဖတ် တစ်ပိဿာလျှင် (၂၀၀-၂၅၀)ကျပ်ခန့် မြင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ နှမ်းဖတ်ဈေးများမြင့်တက်လာ၍ ဆီစက်လုပ်ငန်းများ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။
ဈေးကွက်အတွင်း၌မြေပဲလုံးဆံ တစ်ပိဿာလျှင် (၁၁၇၀၀) ကျပ်၊ ဆီဆန်တစ်ပိဿာလျှင် (၁၀၅၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၇၂၅၀-၇၃၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် မြေပဲလုံးဆန်နှင့် ဆီဆန်တစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ဈေးကွက်အတွင်းပဲဖတ်ဈေးနှုန်းများ မြှင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။
   ဈေးကွက်အတွင်း၌ နေကြာစေ့တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ရှိပြီး၊ နေကြာဆီတစ်ပိဿာလျှင် (၁၉၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၃၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာလတူနှိုင်းယှဉ်လျှင် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။
Source: https://www.doca.gov.mm

Category: Local News