International News

ဖိလစ်ပိုင်နိုင်ငံတွင် စူပါတိုင်ဖွန်း Egay ဝင်ရောက်ခဲ့မှုနှင့် စိုက်ပျိုးရေးကဏ္ဍ အပါအဝင် အစိုးရ၏ထောက်ပံ့ပေးမှုအစီအစဉ်

Last Updated:

စူပါတိုင်ဖွန်း Egay ၊ နိုင်ငံတကာအမည် Doksuri သည် ဖိလစ်ပိုင်နိုင်ငံသို့ ၂၇-၇-၂၀၂၃ ရက်နေ့က ဝင်ရောက်တိုက် ခတ်ခဲ့သဖြင့် နိုင်ငံအနှံအပြားရှိ အိမ်ခြေပေါင်း ၃,၈၇၃ ၊ အိမ်ထောင်စုပေါင်း ၅၄၅,၁၆၁ နှင့် လူဦးရေ ၁,၉၀၇,၈၀၆ တို့မှာ မုန်တိုင်းဒဏ်ခံခဲ့ရကြောင်း သိရှိရပါသည်။

နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထာင်စု ၁၁,၁၃၉ ၊ လူဦးရေ ၄၂,၀၂၇၊ ကယ်ဆယ်ရေး စင်တာ ၆၂၈ ခု ဖွင့်လှစ် ပေးပြီး ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးစင်တာတွင် မဟုတ်ပဲ ယာယီနေထိုင်မည့်နေရာ ရှာဖွေနေဆဲ အိမ်ထောင်စု ၆၃,၆၇၉ ရှိပြီး လူဦးရေအားဖြင့် ၂၄၂,၉၃၄ ရှိပါကြောင်း၊ ပျက်စီးဆုံးရှုံးသွားသည့် နေအိမ် စုစုပေါင်း ၁,၃၆၅ နှင့် တစ်စိတ်တစ်ပိုင်းဆုံးရှုံးသွားသည့် နေအိမ် ၃၃,၄၀၆ ရှိပြီဖြစ်ပါကြောင်း၊ အစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း များမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ပေးမှုအနေဖြင့် ပီဆို-၁၁၃,၀၄၉,၇၈၂.၂၉ အား ထောက်ပံ့ ပေးထားပြီး ဖြစ်ပါကြောင်း ၂၉-၇-၂၀၂၃ ရက်စွဲပါ ဖိလစ်ပိုင်လူမှု/ကယ်ဆယ်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။

စိုက်ပျိုးရေးကဏ္ဍအတွက် အစိုးရ၏ လက်ရှိထောက်ပံ့ပေးနေမှုအခြေအနေ

စူပါတိုင်ဖွန်း အီးဂေးကြောင့် Luzon ဒေသနှင့် Visayas ဒေသတို့တွင် ပီဆို-၁.၃ ဘီလီယံ တန်ဖိုးရှိ စိုက်ပျိုးရေးထွက် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ မုန်တိုင်းဒဏ်သင့်သည့်ဒေသများရှိ တောင်သူလယ်သမာများနှင့် ငါးဖမ်း သမားများတို့၏ အသက်အိုးအိမ်စည်းစိမ် ၉၁,၂၆၈ ခန့် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ စိုက်ပျိုးမြေ ၉၈,၉၆၉ ဟက်တာခန့် ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊ ဆန်၊ ပြောင်း၊ တန်ဖိုးမြင့်ကောက်ပဲသီးနှံများ၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြား စိုက်ပျိုး/မွေးမြူရေးဆိုင်ရာ Facility များလည်း ဆုံးရှုံးခဲ့ပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

စိုက်ပျိုးရေးဝန်ကြီးဖြစ်သူသမ္မတ မားကို့စ်သည် မုန်တိုင်းဒဏ်ပြင်းထန်စွာခံရသည့်ဒေသများရှိတောင်သူလယ်သမား များနှင့် ငါးဖမ်းလုပ်သားများအတွက်လည်း သက်ဆိုင်ရာပြည်နယ်အစိုးရများမှတစ်ဆင့် အောက်ဖော်ပြပါတို့ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ဖိလစ်ပိုင်သမ္မတရုံးမှ ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရှိရပါသည်-

အကြောင်းအရာ

အရေအတွက်

လက်ခံရရှိသူ

Certified Seeds

၁,၈၀၀ အိတ် (၄၀ ကီလိုအိတ်)

၃,၆၀၀

Hybrid Seeds

၁,၀၀၀ အိတ် (၃ ကီလိုအိတ်)

၄၀၀

Discount Vouchers

ပီဆို ၄ သန်းတန်ဖိုးရှိ

၂,၀၀၀

Hybrid yellow corn seeds

၂၀၀ အိတ်

ဆွေးနွေး

နေဆဲဖြစ်ပါ

ကြောင်း

Glutinous corn seeds

၇၂ အိတ် (၁၈ ကီလိုအိတ်)

Mix highland vegetatbles

၁ တန်

Lowland vegetable seeds

၂၀၀ အိတ်ငယ်

Piglets

၁၃၂

Hog feeds

၂၆၄ အိတ်

Animals vitamins, minerals, dewormers &

supplements

၈၀,၀၀၀ ကြိမ်ရေစာ

 

နိုင်ငံတစ်ဝှမ်း စူပါတိုင်ဖွန်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော်လည်း ဆန်ရိက္ခာ လုံလောက်မှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနမှ ၃၁-၇-၂၀၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ပထမ ၆ လပတ်အတွင်း ဆန် တန်ချိန်စုစုပေါင်း ၃.၈ သန်း မက်ထရစ်တန် တင်သွင်းခဲ့ခြင်းမှာလည်း ၂၀၂၃ ခုနှစ် ဇွန်လက ရောက်ရှိပြီးဖြစ်ပါ ကြောင်း၊ တချိန်တည်းမှာပင် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ရပ်ဆိုင်းခဲ့သည့်ဖြစ်စဉ်ကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်း မြင့် တက်နိုင်ပါကြောင်း၊ တင်သွင်းလာသည့် ဆန်ဈေးနှုန်းမြင့်တက်သည့်နည်းတူ ဗီယက်နမ်မှလည်း ၎င်း၏ဆန် ဈေးနှုန်းအား မြင့်တက်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း သမ္မတမားကို့စ်၏ ရွေးကောက်ပွဲကာလအတွင်းက ကတိပေးပြောကြားခဲ့ သည့် ဆန်တစ်ကီလိုလျှင် ပီဆို-၂၀ ရောက်ရှိရန်ကိုလည်း ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအနေဖြင့် အယ်နီညိုရာသီဥတုဒဏ်ကြောင့် ထိခိုက်မှုနည်းစေရေးနှင့် ပြည်တွင်းဆန်ရိက္ခာဖူလုံစေရေး အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News