Local News

စက်တင်ဘာလအတွင်း ပဲနှမ်းစျေးကွက် အခြေအနေ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်းရှိ အောင်လံကုန်စည်ဒိုင်တွင် ပဲနှမ်းများနေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စျေးနှုန်းများအနေဖြင့် အရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ စျေးအတက် အကျဖြစ်ပေါ်လျက်ရှိပါသည်။

စက်တင်ဘာလ ပထမပတ်တွင် နှမ်းနက်(စမုံ)စျေးမှာ (၄၅)ပိသာ(၃)တင်းဝင် (၁)အိတ်လျှင် ကျပ်(၃၅၅၀၀၀)ထိ စျေးရရှိခဲ့ပြီး နောက်ဆုံးပတ်တွင် ကျပ်(၃၂၅၀၀၀)သာ စျေးရရှိခဲ့ပါသည်။ နှမ်းနီစျေးမှာ ပထမပတ်တွင် ကျပ်(၃၁၀၀၀၀)ထိ စျေးရရှိခဲ့သော်လည်း နောက်ဆုံးပတ်တွင် ကျပ်(၂၉၀၀၀၀/ ၃၀၀၀၀၀)ထိသာ စျေးရရှိပါသည်။ နှမ်းဖြူစျေးမှာ စက်တင်ဘာတစ်လလုံးတွင် ကျပ်(၃၀၀၀၀၀) စျေးဖြင့်လည်းကောင်း၊ နှမ်း(ပြာ/နက်)မှာ ကျပ်(၂၇၅၀၀၀)စျေးဖြင့်လည်းကောင်း စျေးငြိမ်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

စက်တင်ဘာလ ပထမပတ်တွင် ပဲစဉ်းငုံ(နီ)စျေးမှာ (၂၀)ပိသာ(၁)တင်းလျှင် ကျပ်(၁၂၀၀၀၀/ ၁၃၀၀၀၀)ထိစျေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နောက်ပိုင်းရက်များတွင် အရောင်းအဝယ်အေးသွားခဲ့ပါသည်။ ပဲတီစိမ်းစျေးမှာ ပထမပတ်တွင် ကျပ်(၅၂၀၀၀)စျေးမှ နောက်ဆုံးပတ်တွင် ကျပ်(၅၉၀၀၀/ ၆၂၀၀၀)ထိ စျေးပိုမိုရရှိပါသည်။ မတ်ပဲစျေးမှာ ပထမပတ်တွင် ကျပ်(၇၈၀၀၀)စျေးသာ ရရှိပြီး  နောက်ဆုံးပတ်တွင် ကျပ်(၈၄၀၀၀)ထိ စျေးပိုမိုရရှိပါသည်။ ကုလားပဲအုပ်စုဖြစ်သည့် ကုလားပဲ(HL) စျေးမှာ ပထမပတ်တွင် ကျပ်(၉၄၀၀၀)စျေးထိရရှိပြီး နောက်ဆုံးပတ်တွင် ကျပ်(၉၃၅၀၀)စျေးဖြင့် လည်းကောင်း၊ ကုလားပဲ(မြကြေး)စျေးမှာ ပထမပတ်တွင် ကျပ်(၉၄၀၀၀)ထိစျေးနှင့် နောက်ဆုံးပတ် တွင်ကျပ်(၉၁၅၀၀)စျေးသာရရှိပြီး စျေးကျနေပါသည်။ ပဲကြီးစျေးမှာ စက်တင်ဘာလ တစ်လလုံးတွင် ကျပ်(၁၀၀၀၀၀)စျေးဖြင့် စျေးငြိမ်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိ‌ကြောင်း ကုန်စည်ဒိုင်သတင်းအရ သိရှိရပါသည်။

Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News