မိုးစပါးရည်ညွှန်းစျေးသတ်မှတ်ပြီးနောက် ခုတစ်ပတ်မှာ စပါးစျေးတန်း ပြုတ်ကျသွားပြီး ဆန်စျေးလည်း အနည်းငယ်ကျသွားပါတယ်။ အလားတူ မတ်ပဲ၊ ပြောင်းဆံ၊ နှမ်း စျေးနူန်းလည်း ကျဆင်းလာပြီး ပဲစင်းငုံနီနဲ့ ကုလားပဲကစျေးထပ်တက် လာပါတယ် ။
ဆန်စျေးကွက်
ဆက်တိုက်မြင့်တက်လာခဲ့တဲ့ ဆန်စျေးကွက်ဟာ အရင်တပတ်မှာစျေးငြိမ်ခဲ့ပြီး ခုပတ်မှာတော့ စျေးအနည်းငယ်ကျလာတယ်လို့ဆန်ကုန်
ရန်ကုန်ဝါးတန်းဈေးကွက်မှာ ကျားပျံရှယ်၊ ဖျာပုံ၊ ဒေးဒရဲ၊ မြောင်းမြပေါ်ဆန်း၊ ပေါ်ဆန်းနယ်စုံက တစ်အိတ် ကို ၁၀၀၀၀၀ ကျပ်နဲ့ အရင်ကတည်းကအတိုင်း စျေးပေါက်ပြီး ရွှေဘိုပေါ်ဆန်းက ရန်ကုန်ဝါးတန်းစျေးကွက်မှာ တစ်အိတ်ကို အရင်စျေး ၁၂၅၀၀၀ ကျပ်ရှိပြီး ပြင်ပစျေးကွက် မှာ ၁၅၀၀၀၀ ကျပ် ရှိနေပါတယ်။ ဆန်စျေးကျဖို့ နဲ့ထပ်မတက်ဖို့အတွက်ဆိုပြီး မြန်မာနိုင်ငံ ဆတ်စပါးအဖွဲ့ချုပ်နဲ့တာဝန်ရှိသူ
စပါးစျေးကွက်
လက်ရှိစပါးစျေးကွက်က စျေးနူန်းတွေပြုတ်ကျသွားပါတယ်။
MRF ကထုတ်ပြန် ရည်ညွန်းစျေးက ဆတ်ကြမ်းအုပ်စုဝင် စပါးဖြစ်တဲ့ ဧည့်မထနဲ့ ငစိန်အပါ စပါးအချို့ကို ၁၃ သိန်းကနေ ၁၅ သိန်းဝယ်ရမယ်လို့သတ်မှတ် ထားတာပါ၊ ပွဲစားတွေ၊ ဆန်စက်တွေ၊ ကုန်သည်တွေကတော့ ၁၅ သိန်းထိမပေးဘဲ အနိမ့်ဆုံး ၁၃ သိန်းဝန်းကျင်နဲ့သာဝယ်ယူ နေကြတာဖြစ်ပါတယ်။
မတ်ပဲစျေးကွက်
ပြည်တွင်းမတ်ပဲစျေးကွက်ကတော့ အတက်အကျ မတည်ငြိမ်ဘဲ ခုတပတ်မှာ စျေးပြန်ကျသွားပါတယ်။ ခုတပတ်ထဲမှာကိုစျေးတန်းကတက်လို
မတ်ပဲ (RAW) ကလည်း တစ်ပိဿာကို ၄၁၂၅ မှ ၄၁၆၀ ကျပ်စျေးရှိပြီး တစ်ပိဿာကို ၁၆၀ ကျော် စျေးပြန်ကျသွားပါတယ်။ မန္တလေးဈေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၂၄၂၀၀၀ ကျပ်စျေးရှိလို့ အရင်တပတ်ကထက် ၃၀၀၀ စျေးပြန်ကျသွားပါတယ်။ နယ်တွေမှာလည်း မတ်ပဲ ပိဿာ ၂၀ ကို ၈၁၆၀၀ ကျပ်စျေးပေါက်နေပြီး အရင်တပတ်ကထက် ၃၆၀၀ ကျော် စျေးပြန်ကျသွားတာဖြစ် ပါတယ်။
ပဲစင်းငုံနီစျေးကွက်
ပဲစင်းငုံနီက ခုတပတ်မှာလည်း စျေးအနည်းငယ် ထပ်တက်လာပါတယ်။ ဈေးကွက်အတွင်းမှာတော့ ပဲစင်းငုံနီ ရောင်းဝယ်မှုက အေးနေတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။ ပဲစင်းငုံနီကိုတော့ အိန္ဒိယနိုင်ငံကိုသာ အဓိကတင်ပို့နေရ တာဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ငွေကျပ်သိန်း ၄၀ နဲ့ ၇၅၀၀၀ စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် ၂၅၀၀၀ ကျပ်ထပ်မြင့်တက်လာတာဖြစ်ပါတယ်။ ပဲစင်းငုံနီက စျေးပြန်မြင့်တက်လာပြီး ကုန်သည်တွေ အဝယ်လိုက်နေပေမယ့် မန္တလေးစျေး ကွက်မှာတော့ ပဲစင်းငုံနီကိုစျေးဖွင့်ထားခြင်းမရှိပါဘူး။
ကုလားပဲစျေးကွက်
ကုလားပဲကတော့ ခုတစ်ပတ်မှာ ရန်ကုန်စျေးကွက်၊ မန္တလေးစျေးကွက်နှစ်ခုလုံးမှာ စျေးတက်လာ တာတွေရပါတယ်။ ကုလားပဲက ပြည်တွင်းစားသုံးမှုအဓိကဖြစ်ပြီး လက်ကျန်နည်းနေတဲ့အပြင် စက်ပိုင်တွေက အဝယ်လိုက်နေလို့ စျေးတက်နေတာဖြစ်တယ်လို့ မန္တလေးစျေးကွက်ကသိရပါတယ်။ ရန်ကုန်စျေးကွက်မှာ ကုလားပဲဖြူလုံးက ၄၅၈၀ မှ ၄၆၇၀ ကျပ်စျေးပေါက်ပြီး အရင်တပတ်ကထက် ၉၀ ကျပ် တက်လာ၊ ကုလားပဲဖြူလုံးကြီးက ၄၆၆၅ ကျပ်ကနေ ၄၇၂၀ ကျပ်နဲ့ အရင်တပတ် စျေးအတိုင်းဆက်ရှိနေပါတယ်။
မန္တလေးဈေးကွက်မှာလည်း စျေးတက်လာလို့ ကုလားပဲ ၉၂၉ တစ်အိတ် ကို ၂၆၈၀၀၀ ကျပ်စျေးပေါက်ပြီး အရင်တပတ်ကထက် ၁၀၀၀၀ ကျပ် စျေးတက် လာ၊ ကုလား ပဲ(V2) က ၂၆၈၀၀၀ ကျပ် စျေးရှိပြီး ၁၀၀၀ ကျပ်ပြန်တက်လာကာ အရင်တပတ်ကစျေး မဖွင့်နိုင်ခဲ့တဲ့ ကုလား ပဲ V7 ကလည်း ခုတပတ်မှာ ၂၇၆၀၀၀ က နေ ၂၇၇၀၀၀ ကျပ်ပေါက်စျေးရှိနေပါတယ်။
ပြောင်းစျေးကွက်
အစေ့ထုတ်ပြောင်းစျေးကွက်ကလည်း ဆက်တိုက်ကျဆင်းလာနေပါတယ်။ ပြောင်းဆံကို ထိုင်းနိုင်ငံရဲ့အခွန်ကင်းခွင့်
မန္တလေးစျေးကွက်မှာ စက်တင်ဘာလပထမပတ်တုန်းက ပြောင်းဆံတစ်ပိဿာကို ၁၀၉၃ ကျပ်ရှိပြီး ၄၅ ပိဿာတစ်အိတ်ကိုတော့ ၆၀၀၀၀ မှ ၆၂၀၀၀ ကျပ်အထိရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ပြောင်းဆံတစ်ပိဿာကို ၉၆၃ ကျပ်စျေးပေါက်ပြီး ၄၅ ပိဿာတစ်အိတ် ကိုတော့ ၅၀၀၀၀ မှ ၅၂၀၀၀ ကျပ်စျေးပေါက်လို့ ၁၀၀၀၀ ကျပ်ကျဆင်းသွားပါတယ်။ စျေးကွက်ကို ရှမ်းပြည်နယ်နဲ့အညာဒေသဘက်က ပြောင်းအသစ်တွေဝင်ရောက်နေတဲ့အပြ
ထန်းလျက်
ထန်းလျက်ကတော့ တစ်လလုံးဈေးတက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အဝင်နည်းလို့ ဈေးမြင့်တက်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ အဝင်ပုံမှန်ရှိနေပြီး အဝယ် နည်းတယ်လို့သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ထန်းလျက်(တောင်သာ၊ရေစကြို၊ညောင်
သကြား
ပြီးခဲ့တဲ့အပတ်က ကျဆင်းတဲ့ သကြားက ဒီတစ်ပတ်မှာ ဈေးပြန်ပြီး မြင့်တက်လာပါတယ်။ ကမ္ဘာ့သကြားပေါက်ဈေး အနည်းငယ်မြင့်တက်လာတဲ့အတွက် ဈေးတက်လာတယ်လို့သိရပါတယ်။ သကြားဈေး မြင့်တက်နေတာနဲ့ပတ်သတ်ပြီး ပြည်တွင်းကုန်သည်တွေအနေနဲ့ ဈေးကစားတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ သကြား တစ်ပိဿာကို ၃၇၃၀ မှ ၃၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေး ကျမြင့်တက်လာပါတယ်။
နှမ်းစျေးကွက်
နှမ်းမျိုးစုံစျေးကွက်က ခုတစ်ပတ်မှာလည်း စျေးနူန်းတွေထပ်မံကျဆင်း သွားတာပါတယ်။ မန္တလေးစျေးကွက်မှာ နှမ်းဖြူ ရိုးရိုးက ၄၅ ပိဿာကို ၃၃၅၀၀၀ မှ ၃၆၂၀၀၀ စျေးပေါက်ပြီး အရင်တစ်ပတ်ကထက် ၁၃၀၀၀ ဝန်းကျင် ထပ်ကျသွားပြီး နှမ်းဖြူ ဂျပန်က လည်း ၃၃၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်စျေးပေါက်ပြီး ၂၀၀၀၀ ကျပ် ထပ်မံကျသွား ပါတယ်။ နှမ်းနက် စမုံကလည်း ၂၈၀၀၀၀ မှ ၃၃၀၀၀၀ ကျပ်စျေးပေါက်ပြီး ၁၅၀၀၀ကျပ် စျေးထပ်ကျသွားကာ အရင်တပတ်စျေးမဖွင့်ခဲ့တဲ့ နှမ်းညိုကခုတပတ်မှာ ၂၉၀၀၀၀ ကျပ် စျေးဖွင့်ထားပါတယ်။
မိုးနှမ်းအသစ်တွေ မန္တလေးစျေးကွက်ကို ပုံမှန်အတိုင်း ဝင်ရောက်နေတဲ့အပြင် တရုတ်ဘက်က နှမ်းအဝယ်အေးနေတာကြောင့် နှမ်းစျေးကျနေတာဖြစ်တယ်လို့သိ
Source: https://t.me/htwettoe