Local News

မန္တလေးကုန်စည်ဒိုင် ၏ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

ဇန်နဝါရီလ ပထမအပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပို့ကုန်ပဲများအရောင်း အဝယ်သွက်လာပြီးဈေးမြင့်လာကြောင်း၊ မတ်ပဲနှင့်ပဲစင်းငုံ(နီ) မှာ အိန္နိယနိုင်ငံမှဝယ်လိုအားရှိနေပြီး၊ ပဲတီစိမ်းမှာ တရုတ်ဝယ်လက်မှဝယ်ယူနေသောကြောင့် ပို့ကုန်ပဲများဈေးမြင့်လာကြောင်းသိရသည်။ မတ်ပဲမှာ အသစ်ဝင်ပဲများ ဈေးကွက်ထဲဝင်ရောက်နေပြီး ပြည်ပအဝယ် လိုက်လာ သောကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၈၁၀၀၀ မှ ၂၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၈၁၀၀၀ မှ ၂၁၅၀၀၀၊ ယခင်လ ကျပ် ၂၄၀၀၀၀ မှ ၂၁၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀၀၊ ယခင်လထက်ကျပ် ၃၀၀၀၀ မှ ၄၁၀၀၀ မြင့်တက်လာသည်။

ပဲစင်းငုံ(နီ) ကတော့ ယခင်တစ်ပတ်တွေက ဈေးမြင့်နေပြီး ယခုတစ်ပတ်တွင် ဈေးအနည်းငယ်နိမ့်ကျလာကြောင်း ပြည်ပတင်ပို့မှုရှိကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၃၈၀၀၀၀ မှ၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀၀၊ ယခင်လ ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ နိမ့်ကျလာပြီး၊ ယခင်လထက် ကျပ် ၅၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း(အညာ) မှာ ယခုတစ်ပတ် အရောင်းအဝယ်သွက်ဈေးမြင့်လာပြီး၊ အရည်အသွေးကောင်းလျှင် ကောင်းသလောက် ဈေးကောင်းရနေကြောင်း တရုတ်ဝယ်လက်မှဝယ်ယူမှုရှိကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။ ပဲတီစိမ်း (အညာ) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၄၅၀၀၀ မှ ၁၈၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၄၀၀၀၀ မှ ၁၈၀၀၀၀၊ ယခင်လ ကျပ် ၁၂၅၀၀၀ မှ ၁၅၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၅၀၀၀ ၊ ယခင်လထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ မြင့်တက်လာသည်။

မြေထောက်ပဲမှာ ယခင်တစ်ပတ်တွေက ဈေးအေးနေပြီး ယခုတစ်ပတ်တွင် ဈေးအနည်းငယ်မြင့်တက်လာကြောင်း ပြည်ပတင်ပို့မှုရှိကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ မြေထောက်ပဲ ၅၄ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၃၄၀၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၂၀၀၀၀ မှ ၃၄၀၀၀၀၊ ယခင်လ ကျပ် ၃၀၀၀၀၀ မှ ၃၃၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀၀၊ ယခင်လထက် ကျပ် ၁၀၀၀၀ မှ ၄၀၀၀၀ မြင့်တက်လာသည်။                                                                              

Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News