Local News

ဘုရင့်နောင်ကုန်စည်ဒိုင်၏ (၂၆-၁၂-၂၀၂၃ မှ ၂၉-၁၂-၂၀၂၃) အတွင်း ကုန်စည်ဈေးနှုန်းများအခြေအနေ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲများ၏ (တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2023 Crop) ကျပ် ၂၉၉၄၀၀၀၊ မတ်ပဲ SQ/RC   (2023 Crop) ကျပ် ၃၃၀၄၀၀၀ နှင့်  ပဲစင်းငုံ Red/RC(2023 Crop) ကျပ် ၃၂၇၅၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/ RC(2023 Crop) ကျပ် ၃၁၅၀၀ ၊ မတ်ပဲSQ/RC (2023 Crop) ကျပ် ၁၁၅၀၀ နှင့် ပဲစင်းငုံ Red/RC (2023 Crop )  ကျပ် ၂၅၀၀၀ အသီးသီးဈေးကျဆင်းခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၂၅ လုံး ( တန်ချိန် ၆၀၀) နှင့် မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၅လုံး( တန်ချိန် ၁၂၀ )  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲFAQ/RC (2023 Crop) ကွန်တိန်နာ ၁၅ လုံး(တန်ချိန် ၃၆၀) နှင့် မတ်ပဲSQ/RC(2023 Crop) ကွန်တိန်နာ ၅လုံး( တန်ချိန် ၁၂၀ ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲ FAQ/RC (2023 Crop)  ကွန်တိန်နာ ၁၀ လုံး (တန်ချိန် ၂၄၀) လျော့နည်းဝင်ရောက်ခဲ့ကြောင်းသိ ရသည်။

ငရုတ်

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲငရုတ်(သစ်) AC ကျပ် ၉၀၀၀၊ မြှားနီ ကျပ် ၉၀၀၀၊ အိမ်မဲ ကျပ် ၆၀၀၀၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၂၁၀၀၀ နှင့် မြစ်ဝ(ပု)သစ် ကျပ် ၁၆၀၀၀ ဈေး အသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆင်ဖြူကျွန်း (ပု) ကျပ် ၅၀၀၀ ဈေးမြင့်တက်ခဲ့ပြီး ကျန်ငရုတ်သီးများဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့ ယခင်အပတ်က ငရုတ်ရှည် အိတ်ပေါင်း ၂၁၀၀ ( ၄၂၀၀၀ ပိဿာ )နှင့် ငရုတ်ပု အိတ်ပေါင်း ၃၀၀ ( ၄၅၀၀ ပိဿာ)  ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင် ငရုတ်ရှည် အိတ်ပေါင်း ၂၂၀၀(၄၄၀၀၀ ပိဿာ)နှင့် ငရုတ်ပု အိတ်ပေါင်း ၄၀၀( ၆၀၀၀၀ ပိဿာ )ဝင်ရောက်ခဲ့သော ကြောင့် ယခင်အပတ်ထက် ငရုတ်ရှည် အိတ်ပေါင်း ၁၀၀ ( ၂၀၀၀ ပိဿာ ) နှင့် ငရုတ်ပု အိတ်ပေါင်း ၁၀၀ ( ၁၅၀၀ ပိဿာ ) ပိုမိုဝင်ရောက်ခဲ့ကြောင်းသိရသည်။  

မန်ကျည်းသီး

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီး ပွင့်ကပ် (သစ်) ကျပ် ၁၂၀၀၊  မန်ကျည်းအသား (သစ်) ကျပ် ၂၅၀၀  ဈေးဖြစ်ခဲ့သည်။  တစ်ပတ်

အတွင်း မန်ကျည်းသီးဈေးများ ငြိမ်လျက်ရှိကြောင်း သိရသည်။

ထန်းလျက်၊ ကြံသကာ နှင့် သကြား

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာနှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၄၈၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ်  ၄၈၀၀၊  ပခုက္ကူကြမ်း ကျပ် ၅၀၀၀၊ ရေစကြိုထန်းလျက်(ချော)ကျပ် ၅၈၀၀၊ ကြံသကာ(စစ်) ကျပ် ၄၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၃၉၃၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ထန်းလျက်၊ ကြံသကာနှင့် သကြားများ ဈေးငြိမ်လျက်ရှိသည်။

Source: Domestic (Ygn) MITC

 

Category: Local News