Local News

မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (25-6-2023) ရက်နေ့ ကုန်သွယ်မှုအခြေအနေ

Last Updated:

          မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (25-6-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (1.019) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.924) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (3.943) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (47.760) တန်၊ တန်ဖိုး ကန်ဒေါ်လာ (0.172) သန်း၊ ပုစွန်ခြောက်(၁၅.၆၇၂) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၉၄) သန်း၊ ခဲသွပ်အရောသတ္တု (၁၀၃.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၅) သန်း၊ ထောပတ်ပဲ (၆၇.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၄) သန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၇၀.၉၆၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၈) သန်း၊ ကဏန်း (၁၅.၇၂၅) တန်၊ တန်ဖိုး (၀.၀၆၆) ဒေါ်လာသန်း၊ အလူမီနီယံသတ္တု (၃၄.၉၅၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၁) သန်း၊ ရေခဲပုစွန် (၁၇.၂၈၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၅၀) သန်း၊ သကာရည် (၁၅၇.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၆) သန်း၊ ကြက်သွန်နီ (၁၂၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၂) ဒေါ်လာသန်းတို့ ဖြစ်သည်။

        အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ  တန်ဖိုး ကန်ဒေါ်လာ (၁.၆၅၆) သန်း၊ ဆိုလာပြား တန်ဖိုးကန်ဒေါ်လာ (၀.၁၆၆) သန်း၊ စတီးပိုက်တန်ဖိုး ကန်ဒေါ်လာ (၀.၀၇၈) သန်း၊ ကရိန်းယာဉ်အပိုပစ္စည်း (လက်တံ) တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၁) သန်း၊ ဆိုလာဘက္ထရီ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၇) သန်း၊ မီးခံအုတ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၆) သန်း၊ စပျစ်သီး တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၅) သန်း၊ ကော်မှုန့် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆) သန်း၊ သံပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၅) သန်း၊ ကားတာယာ/ကျွတ် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၅) သန်းတို့ဖြစ်သည်။

       ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၃၅.၇၃၁) သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၄၉.၃၃၀) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၈၅.၀၆၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ MACCS စနစ်အရ ငွေလဲနှုန်းတစ်ယွမ်လျှင် (၂၉၃.၇၈၂) ကျပ်ဖြင့် တွက်ချက်ထားရှိခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။ အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်းဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခ ကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့်ရှိသည်။

         (၁၉-၆-၂၀၂၃) ရက်နေ့ မှ (၂၅-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငါးရှဉ့် (၃၃၆.၉၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၂၁၆) သန်း၊ ကဏန်း (၂၆၅.၄၀၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၁.၁၂၁) သန်း၊ ဝါဂွမ်း (၃၄၇.၅၉၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၆၁၆) သန်း၊ ကြက်သွန်နီ (၁၉၀၅.၅၀၀) တန်၊ တန်ဖိုး (၀.၆၀၉) ဒေါ်လာသန်း၊ ခဲသွပ်အရောသတ္တု (၈၂၅.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၆၀၀) သန်း၊ ခဲသတ္တု (၂၆၈.၈၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၃၂၃ သန်း၊ သရက်သီး (၇၅၁.၉၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၃၂၃) သန်း၊ မိကျောင်းကွမ်း ဖတ်စေ့ (၃၂၈.၆၃၀) တန်၊ တန်ဖိုး (၀.၃၁၅) ဒေါ်လာသန်း၊  ကြေးနီ (၁၀၂.၃၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၉၇) သန်း၊ ပုစွန်ခြောက် (၄၇.၄၂၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၅) သန်းတို့ ဖြစ်သည်။

          (၁၉-၆-၂၀၂၃) ရက်နေ့ မှ (၂၅-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုးကန် ဒေါ်လာ(၂.၅၅၄) သန်း၊ CMP စက်ရုံသုံး ကုန်ကြမ်းပစ္စည်းများ တန်ဖိုးကန်ဒေါ်လာ (၁.၀၄၇) သန်း၊ သွပ်လိပ် တန်ဖိုးကန်ဒေါ်လာ (၀.၅၉၁) သန်း၊ ဒီဇယ်/ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၅၉၀) သန်း၊ ဓာတ်မြေဩဇာ တန်ဖိုး ကန်ဒေါ်လာ (၀.၅၅၂) သန်း၊ သံဘောင် တန်ဖိုးကန်ဒေါ်လာ (၀.၅၀၀) သန်း၊ ဆိုလာပြား တန်ဖိုးကန်ဒေါ်လာ (၀.၄၅၆) သန်း၊ ဘက္ထရီ တန်ဖိုးကန်ဒေါ်လာ (၀.၂၆၂) သန်း၊ ကားတာယာ/ကျွတ် တန်ဖိုး ကန်ဒေါ်လာ (၀.၂၂၇) သန်း၊ သံပိုက် တန်ဖိုးကန်ဒေါ်လာ (၀.၁၉၆) သန်းတို့ ဖြစ်သည်။

        (၁၉-၆-၂၀၂၃) ရက်နေ့မှ (၂၅-၆-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ငါးရှဉ့် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၆၀၈.၉၇၁) နှုန်း၊ ကဏန်း (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၂၂.၆၀၇) နှုန်း၊ ဝါဂွမ်း (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၇၇၂.၄၃၁)နှုန်း၊ ကြက်သွန်နီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၁၉.၈၄၂) နှုန်း၊ ခဲသွပ်အရောသတ္တု (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၇၂၇.၃၀၀) နှုန်း၊  ခဲသတ္တု (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၀၁.၆၇၀)နှုန်း၊ သရက်သီး (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၄၂၉.၁၇၁) နှုန်း၊ မိကျောင်းကွမ်းဖတ်စေ့ (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၉၅၈.၇၀၀)နှုန်း၊ ကြေးနီ (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၂၉၀၀.၆၀၆) နှုန်း၊ ပုစွန်ခြောက် (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၆၀၀၀.၀၀၀) နှုန်းဖြင့် တင်ပို့နိုင်ခဲ့သည်။

        မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင် ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများ အချိန်နှင့်တပြေးညီ သိရှိအောင် ဆောင်ရွက်သင့်ပါသည်။ ထို့အပြင် ကုန်သွယ်ဖက်နိုင်ငံရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍လည်း ၎င်းတို့၏ မူဝါဒလုပ်ထုံးလုပ်နည်းများ သိရှိအောင်ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှုကိစ္စရပ်များအား တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

          ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိ ရာသီဥတုနှင့်လမ်းကြံ့ခိုင်မှုအခြေအနေ၊ နယ်မြေ ဒေသအခြေအနေတို့ကို ကုန်သည်လုပ်ငန်းရှင်များအချင်းချင်းချိတ်ဆက်သတင်းရယူခြင်း၊ သက်ဆိုင်ရာ ကုန်သည်အသင်းအဖွဲ့များ၊ ညီနောင်အသင်းများဖြင့် ချိတ်ဆက်ခြင်းအပြင် လိုအပ်ပါကသက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့တင်ပြခြင်းများ ဆောင်ရွက်သင့်ပါသည်။ တင်သွင်း/တင်ပို့လိုသည့် ကုန်ပစ္စည်းအမယ်အသစ်များရှိပါကလည်း သက်ဆိုင်ရာ အစိုးရဌာနများသို့ သတင်းပို့ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်ပါသည်။ လက်ရှိကာလအနေဖြင့် မန္တလေး-လားရှိုး-မူဆယ် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိသည်။

Source: https://commerce.gov.mm

Category: Local News