Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင် (၂၆-၆-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ) အတွင်းဖြစ်ပေါ်ခဲ့သော ကုန်စည်ဈေးနှုန်းများ

Last Updated:

အာလူး

        ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အာလူး(တစ်ပိဿာ) ဈေးနှုန်းများမှာ ဟဲဟိုး A1 ကျပ် ၂၂၅၀၊ ဟဲဟိုး OK ကျပ် ၂၂၅၀၊ ဟဲဟိုး S1 ကျပ် ၂၂၅၀၊ ဟဲဟိုး S2 ကျပ် ၂၂၅၀၊ တရုတ်အာလူးကျပ် ၂၄၅၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း A1 ကျပ် ၁၅၀၊ ဟဲဟိုး OK ကျပ် ၁၅၀၊ ဟဲဟိုး S1 ကျပ် ၁၅၀၊ ဟဲဟိုး S2 ကျပ် ၁၅၀နှင့်  တရုတ်အာလူးကျပ် ၁၅၀ အသီးသီးမြင့်တက်ခဲ့ကြောင်း သိရ သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ အာလူးကားစီးရေ ၄၅ စီး (၂၇၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် အာလူးကားစီးရေ ၃၂ စီး (၁၉၂၀၀၀ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင် အပတ်ထက် အာလူးကားစီးရေ ၁၃ စီး (၇၈၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်နီ

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆိပ်ဖြူမြို့နှင့် မုံရွာမြိုတို့မှ ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီ(တစ်ပိဿာ) ဈေးနှုန်းများမှာ၊ ဆိပ်ဖြူရှယ်ကျပ် ၂၁၀၀၊  ဆိပ်ဖြူလတ်ကြီး ကျပ် ၂၀၅၀၊ ဆိပ်ဖြူလတ်သန့်ကျပ် ၂၀၅၀၊ ဆိပ်ဖြူလတ်ချောကျပ် ၁၈၀၀၊ မုံရွာရှယ်ကျပ် ၂၁၅၀၊ မုံရွာလတ်ကြီးကျပ် ၂၁၂၅၊ မုံရွာလတ်သန့်ကျပ် ၂၀၅၀နှင့် မုံရွာလတ်ချောကျပ် ၁၈၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ဆိပ်ဖြူလတ်ချောကျပ် ၇၅၊ ဆိပ်ဖြူလတ်ကြီးကျပ် ၁၂၅၊ ဆိပ်ဖြူ လတ်သန့်ကျပ် ၁၂၅၊ ဆိပ်ဖြူလတ်ချောကျပ် ၅၀၊ မုံရွာရှယ်ကျပ် ၅၀၊ မုံရွာလတ်ကြီးကျပ် ၇၅၊ မုံရွာ လတ်သန့်ကျပ် ၁၅၀နှင့် မုံရွာလတ်ချောကျပ် ၁၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်မှုမှာ ယခင်အပတ်က ကားစီးရေ ၁၁၁ စီး (၇၀၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ ပြီး ယခုအပတ်တွင် ကားစီးရေ ၈၀ စီး (၄၈၀၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ် ထက် ကြက်သွန်နီ ကားစီးရေ ၃၇ စီး (၂၂၂၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ကြက်သွန်ဖြူ

          ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြူကုတ်နှင့် အောင်ပန်းမြို့တို့မှ ကြက်သွန်ဖြူများ နေ့စဉ်ဝင် ရောက်လျက်ရှိရာ ကြက်သွန်ဖြူ(တစ်ပိဿာ) ဈေးနှုန်းများမှာ ကြူကုတ်ရှယ်ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၇၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၇၅၀၀၊ အောင်ပန်းထူး-၄ ကျပ် ၈၀၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၈၅၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ကြူကုတ်ရှယ်ကျပ် ၂၀၀၊ အောင်ပန်းထူး-၂ ကျပ် ၂၀၀၊ အောင်ပန်းထူး-၃ ကျပ် ၂၀၀၊ အောင်ပန်းထူး-၄ ကျပ် ၂၀၀နှင့် အောင်ပန်းထူး-၅ ကျပ် ၂၀၀ အသီးသီးဈေးမြင့်တက်ခဲ့သည်။ ယခင်အပတ်က ကုန်စည်ဒိုင်သို့ ကြက်သွန်ဖြူအိတ် ၁၉၀၀ (၅၇၀၀၀ ပိဿာ) ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် ကြက်သွန်ဖြူအိတ် ၁၄၀၀ (၄၂၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ကြက်သွန်ဖြူအိတ် ၅၀၀ (၁၅၀၀၀ ပိဿာ) လျော့နည်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

Source: SWTun (Domestic Ygn) MITC

Category: Local News