International News

ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ ဒူးရင်းသီး တန်ချိန် ငါးသိန်းခန့် တင်ပို့

Last Updated:

         ယခုနှစ် ပထမငါးလအတွင်း တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံ ဒူးရင်းသီးတန်ချိန် ငါးသိန်းခန့် တင်ပို့ခဲ့သည်။ ထိုင်းနိုင်ငံဒူးရင်းသီး၏ရေပန်းစားမှုသည် တရုတ်နိုင်ငံစားသုံးသူများကြားတွင် ဆက်လက်မြင့်တက်နေခြင်းနှင့် လေးရက်သာကြာသည့် တိုတောင်းသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတို့ကြောင့် ထိုင်းနိုင်ငံဒူရင်းသီးများ တရုတ်နိုင်ငံဈေးကွက်သို့ ပိုမိုတင်ပို့နိုင်စေခဲ့သည်။ ဝန်ကြီးချုပ်၏ နိုင်ငံရေးဆိုင်ရာ ဒုတိယအထွေထွေ အတွင်းရေးမှူးနှင့် အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ပြောကြားသည်မှာ ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း လတ်ဆတ် ဒူးရင်း တန်ချိန် ၀.၄၇ သန်းကျော် တင်ပို့နိုင်ခဲ့သည်။

        တရုတ်နိုင်ငံစားသုံးသူများကြားတွင် ထိုင်းဒူရင်း  ဆက်တိုက်ရေပန်းစားမှုနှင့် တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်း ပိုမိုမြန်ဆန်ခြင်းကြောင့် ယခုလို တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံမှ ဒူးရင်းသီး အလုံးရေ ၁ သိန်းခွဲကျော်ကို အပြည်ပြည်ဆိုင်ရာ ကုန်းမြေ- ပင်လယ် ကုန်သွယ်မှုစင်္ကြံအသစ် New International Land-Sea Trade Corridor မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်လျက်ရှိသည်။

          ယခင် ပင်လယ်-ကားလမ်း လမ်းကြောင်းသည် ၈-၁၀ ရက် ကြာသည်။ ယခု ၄ ရက်ခရီး ဖြစ်သဖြင့် ကြာချိန် အနည်းဆုံး ၄ ရက် လျော့ကျသည်။ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းအသစ်သည် ထိုင်းသစ်သီးဝလံများ၏ ပို့ဆောင်ရေး ကုန်ကျစရိတ်ကို လျှော့ချပေးရုံသာမက သယ်ယူပို့ဆောင်ရေးကာလအတွင်း ပျက်စီးဆုံးရှုံးမှုများကိုလည်း လျော့နည်းစေပါသည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ လတ်ဆတ်ဒူးရင်းသီး တင်ပို့မှုသည် ဘတ် ၁.၁ ဘီလီယံကျော် တန်ဖိုးရှိသည်။ နှစ်ပေါင်း ၃၀ အတွင်း ဒူးရင်း တင်ပို့မှုတန်ဖိုး အမြင့်ဆုံး ဖြစ်သည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် ထိုင်းဒူးရင်း တင်ပို့သည့် စျေးကွက်များတွင် အကြီးဆုံးဖြစ်သည်။ ယမန်နှစ်က  စုစုပေါင်း တင်ပို့မှု၏ ၉၆% သည် တရုတ်ပြည်သို့ တင်ပို့သည်။ ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ သစ်သီးဝလံတင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်သည်။ အမေရိကန်ဒေါ်လာ ၄.၉ ဘီလီယံကျော် ဝင်ငွေရရှိခဲ့သည်။

Source: https://www.foodindustrydirectory.com.mm

Category: International News