Local News

ဈေးကွက်အေးနေသည့် ပဲနှမ်းဈေးကွက် ပဲတီစိမ်း၊ မြေပဲဆန်နှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုတို့ အရောင်းအဝယ်ပြန်သွက်လာ

Last Updated:

     ဇူလိုင်လကုန်ပိုင်းတွင် ပဲနှမ်းဈေးကွက်အတွင်း ပဲတီစိမ်း၊ မြေပဲဆန်နှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုတို့ အရောင်းအဝယ် ပြန်ကောင်းလာကြောင်း ပဲနှမ်းကုန် သည်များထံက သိရသည်။ ဇူလိုင်လဆန်းပိုင်းကတည်းက အရောင်းအဝယ်အေးနေသည့် ပဲနှမ်းဈေးကွက်မှာ ယခုသီတင်းပတ်တွင် ပြန်လည်အရောင်းအဝယ်ကောင်းလာကြောင်း သိရသည်။

    ပြည်တွင်း စားအုန်းဆီ ရည်ညွှန်းဈေး မြင့်တက်လာတာနဲ့အတူ ပဲဆီမှာလည်း လိုက်ပါဈေးမြင့်တက်လာရာ မြေပဲဆီဆန်နှင့် မြေပဲလုံးဆန်တို့မှာ အရောင်းအဝယ် ခပ်သွက်သွက် ဖြစ်လာကြောင်း ပို့ကုန်ပဲများအနေဖြင့် တရုတ်လိုင်းတင်ပို့သည့် ပဲတီစိမ်းမှာ အရောင်းအဝယ်ကောင်းလာပြီး အိန္ဒိယနိုင်ငံတင်ပို့သည့် မတ်ပဲဈေးမှာလည်း ယခုသီတင်းပတ်အတွင်း အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း၊ ပြည်တွင်းလက်ကျန် နည်းလာသည့် ကုလားပဲအုပ်စုမှာလည်း ဈေးမြင့်တက်လာသလို တရုတ်နိုင်ငံမှ တင်သွင်းသည့် ကနေဒါစားတော်ပဲမှာလည်း ငွေဈေးမြင့်တက်လာနဲ့အတူ လိုက်ပါဈေးမြင့်တက်လာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။

     "စားအုန်းဆီဈေး မြင့်တက်လာတာနဲ့အတူ မြေပဲဆန်ဈေး မတက်သော်လည်း ခပ်သွက်သွက် အရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းသုံးကုလားပဲအုပ်စုလည်း အနည်းငယ် ဈေးမြင့်တက်လာ ပါတယ်။ ပို့ကုန်ပဲများအနေနဲ့ မတ်ပဲနှင့် ပဲတီစိမ်းဈေး ပြန်မြင့်တက်လာပါတယ်။ ဒါပေမယ့် ပဲစင်းငုံကတော့ ပြည်တွင်းလက် ကျန်နည်းလာလို့ အရောင်းအဝယ်အေးပြီး ဈေးကျဆင်းလာပါ တယ်"ဟု ၎င်းက ပြောသည်။

     ဇူလိုင် ၂၇ ရက် သုံးတင်းဝင် မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၂၅ç၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀ç၀၀၀ သာ ပေါက် ဈေးရှိတော့သည်။ ပဲတီစိမ်းအညာ ၅၆ ဒသမ ၂၅ ပိဿာတစ်အိတ် လျှင် ငွေကျပ် ၁၇၅ç၀၀၀ ပေါက် ဈေးရှိတော့သည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဇူလိုင် ၂၇ ရက်တွင် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးပြန်မြင့်တက်ရာ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၅၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၃၀၀၀၊ ၉၂၉ ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေးဖြစ်နေသည်။

     ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၅၀၀၀၊ ကျွန်းစားတော်ပဲ တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း)တစ်ပိဿာ ငွေကျပ် ၉၅၀၀ ပေါက်ဈေးရှိ ကြောင်း သိရသည်။ နှမ်းမျိုးစုံဈေးကွက်မှာ သိသိသာသာ ဈေးပြန်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာတစ် အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ငွေကျပ် ၂၉၅၀၀၀၊ နှမ်းနက်စမုံတစ်အိတ် လျှင် ငွေကျပ် ၃၄၅၀၀၀ ပေါက် ဈေးရှိကြောင်း သိရသည်။

Source:  https://t.me/htwettoe 

 

Category: Local News