Local News

ပြည်တွင်းသကြားဈေးမြင့်တက်လာတာကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် ၁၁၀၀၀၀ ထိ တိုးမြင့်ဝယ်ယူမည်ဟုဆို

Last Updated:

ရွှေမန်း

     ပြည်တွင်းသကြားဈေးမြင့် တက်လာသောကြောင့် လာမည့်ကြံရာသီတွင် ကြံတစ်တန် ငွေကျပ် တစ်သိန်းနှစ်သောင်းထိ တိုးမြင့်ဝယ်ယူမည်ဖြစ်ကြောင်း သကြားစက်ရုံများက သတင်းထုတ်ပြန်ထားသည်။ ၂၀၂၂-၂၀၂၃ ကြံရာသီတွင် မတ်လပိုင်းက  ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိတိုးမြင့် ဝယ်ယူခဲ့ရာမှ ယခုပြည်တွင်းသကြားဈေး မြင့်တက်လာခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ငွေရည်ပုလဲ သကြားစက်ရုံက ဩဂုတ် ၁ရက် သတင်းထုတ်ပြန် ထားသည်။

     လက်ရှိပြည်တွင်းသကြား တစ်ပိဿာဈေး ငွေကျပ် ၃၃၀၀  ပေါက်ဈေးရှိနေပြီး ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လာ ခြင်းဖြစ်သည်။ ယခင်နှစ်က ကြံတစ်တန် ငွေကျပ် ၉၅၀၀၀ ထိ သကြားစက် ရုံတွေက ပေးဝယ်ခဲ့သော်လည်း ယခုနှစ်ကြံရာသီမတိုင်မီ ပြည်တွင်းသကြားဈေး မြင့်တက်လာတာကြောင့် ကြံတစ်တန်ဈေး တိုးမြင့်ပေးဝယ်လာခြင်းဖြစ်ကြောင်း လက်ရှိသကြားပေါက်ဈေးအရ ကြံတစ်တန်လျှင် ငွေကျပ် ၁၁၀၀၀၀ ပေးဝယ်လာခြင်းအပေါ် မန္တလေးတိုင်းဒေသကြီး စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးက ဒီထက်ပိုမိုပေးပြီးဝယ်ယူသင့်ကြောင်း ပြောသည်။

     "စက်ရုံတွေက ကြံရာသီ မတိုင်မီဝယ်ယူမည့်ဈေးနှုန်းကို နှစ်ကြိမ်လောက် တိုးမြင့်ပေးဝယ်ယူလေ့ရှိပါတယ် ယခုသကြားဈေး မြင့်တက်လာလို့ တိုးမြင့်ပေးဝယ်တာပါ။ မနှစ်က ကြံရာသီအကုန်မှာ ကြံတစ်တန် ငွေကျပ် ၁၀၀၀၀၀  ထိ ပေးဝယ်ခဲ့ပါတယ်။ ယခုလည်း ကြံတစ်တန် ၁၁၀၀၀၀ ထိ တိုးမြင့်ပေးလာတာပါ။ လက်ရှိ သကြားဈေးနဲ့တွက်ရင် ပိုမိုပေးဝယ်သင့်ပါတယ်" ဟု ၎င်းက  ပြောသည်။

     လက်ရှိပြည်တွင်းသကြား စားသုံးမှုနှင့်ထုတ်လုပ်မှုမှာ ကာမိမှုမရှိဘဲ လျော့နည်းနေကြောင်း ပြည်တွင်းသကြားစားသုံးမှုမှာ  တန်ချိန် ၅၀၀၀၀၀ ခန့်ရှိပြီး ယခင် နှစ်သကြားထုတ်လုပ်မှုမှာ တန်ချိန် ၅၀၀၀၀၀ အောက်လျော့နည်းခဲ့ တာကြောင့်လည်း သကြားဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဩဂုတ် ၃ ရက်တွင် ပြည်တွင်းသကြားပေါက်ဈေးမှာ တစ် ပိဿာ ငွေကျပ် ၃၃၀၀ ပေါက်ဈေးရှိနေပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာပေါက်ဈေးမှာလည်း ၃၃၀၀ ကျော် ပေါက်ဈေးရှိနေရာ  ကြံတစ် တန်ဈေးနှုန်းမှာ ၁၁၀၀၀၀ မှာ သကြားစက်ရုံများ၏ ထုတ်လုပ်မှု စရိတ်နှင့် သကြားထွက်ရှိမှုအရ တောင်သူများအတွက် နည်းပါးနေသေးကြောင်း ကြံတောင်သူတစ်ဦးက ပြောသည်။

Source: မကွေးဂျာနယ်

Category: Local News