Local News

ပန်းတနော်မြို့နယ်၌ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးကောင်းရရှိနေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌ ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးကောင်းရရှိနေကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ဝင်းဝင်းမော်၏ ပြောဆိုချက်အရ သိရသည်။ ပန်းတနော်မြို့နယ်၌ ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းက ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ သာဈေးရှိပြီး ဇူလိုင် ပထမပတ်မှ လက်ရှိအချိန်ထိ တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ အထိ ဈေးရရှိလာကြောင်း၊  ထိုသို့  ဈေးကောင်းရရှိလာခြင်းသည် ဒေသထွက်ရေထွက်ကုန် ပစ္စည်းများ ရောင်းဝယ်ရေး ပွဲရုံများထံ ငါးကြင်းအဝင်နည်းပြီး ရန်ကုန်မြို့မှ အဝယ်လိုက်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

     “လက်ရှိ ငါးကြင်းဈေး ကောင်းလာပါတယ်။ ဒေသတွင်းမှာ ငါးကြင်းအဝင်နည်း နေတာရယ်၊ ရန်ကုန်ဘက်က ဒေသထွက်ငါးကြင်းတွေ အဝယ်လိုက်နေတာရယ်ကြောင့် ဈေးကောင်းရရှိလာတာပါ။ ပြီးခဲ့တဲ့ မေလနဲ့ဇွန်လအတွင်းက အခုလောက်ဈေး ကောင်းမရခဲ့ဘူး။  ဇူလိုင်ပထမပတ်ကစတင်ပြီး ဈေးကောင်းရရှိလာတာပါ။ ဒါ့ပြင် တခြားငါးတွေလည်း  ဈေးကောင်းရလာပါတယ်” ဟု  ဒေါ်ဝင်းဝင်းမော်က ပြောသည်။

     ပန်းတနော်မြို့နယ်၌ ရေထွက်ကုန်ပစ္စည်း  ရောင်းဝယ်ရေးလုပ်ငန်းရှင်များသည်  ရေထွက်ကုန်များကိုဝယ်ယူပြီး  ဒေသဈေးကွက်အပြင်  ရန်ကုန်မြို့သို့  တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ရန်ကုန်မြို့မှတစ်ဆင့် တခြားဒေသများသို့ ဆက်လက်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။                   

Source: https://www.myawady.net.mm

Category: Local News