Local News

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် မြေပဲဆန်အဝင်များ၍ဈေးအေးလာ

Last Updated:

မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအနီးတစ်ဝိုက်မှ မြေပဲဆံအသစ်များ ဝင်ရောက်လျှက်ရှိပြီး၊ မြေပဲအသစ်ပေါ်ချိန် ဖြစ်၍ အဝင်များခြင်း၊ စက်ပိုင်များမှ ဝယ်ယူမှုအေးခြင်းတို့ကြောင့် ဈေးအေးလာကြောင်း၊ တရုတ်ဝယ်လက်မှလည်း အရည်အသွေးအလိုက် ဈေးပေးဝယ်ယူနေကြောင်း မန္တလေးကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။ ယခင်တစ်ပတ် ထက် မြေပဲဆန်တစ်ပိဿာလျှင် အနိမ့်ဆုံးကျပ် ၃၀၀ မှ အမြင့်ဆုံး ၈၀၀ ထိ နိမ့်ကျလာသည်။

မြေပဲလုံးဆန်(ဖြူ) တစ်ပိဿာဈေးနှုန်းများမှာ ယခုတစ်ပတ်ကျပ် ၇၆၀၀ မှ ၈၀၀၀၊ ယခင်တစ်ပတ်ကျပ် ၈၂၀၀ မှ ၈၃၀၀၊ ယခင်လကျပ် ၆၈၀၀ မှ ၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀ မှ ၆၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၈၀၀ မှ ၁၀၀၀ မြင့်တက်လာသည်။

မြေပဲလုံးဆန်(နီ) တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၉၄၀၀ မှ ၉၇၀၀၊ ယခင်တစ်ပတ်ကျပ် ၁၀၂၀၀ မှ ၁၀၅၀၀၊ ယခင်လကျပ် ၉၀၀၀ မှ ၉၅၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၈၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၂၀၀ မှ ၄၀၀ မြင့်တက်လာသည်။

S1 ဆီဆန် တစ်ပိဿာလျှင် ယခုတစ်ပတ်ကျပ် ၆၈၀၀ မှ ၆၉၀၀၊ ယခင်တစ်ပတ်ကျပ် ၆၈၀၀ မှ ၇၀၀၀၊ ယခင်လ ကျပ် ၆၂၀၀ မှ ၆၈၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀ နိမ့်ကျလာပြီး၊ ယခင်လထက်ကျပ် ၁၀၀ မှ ၆၀၀ မြင့်တက်လာသည်။

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News