Local News

မိုးနှမ်းစုပေါင်းရောင်းချပွဲ ကျင်းပလျှက်ရှိ

Last Updated:

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးသူတောင်သူများ သီးနှံများကိုပွဲခလွတ်ဖြင့် ရောင်းချနိုင်ရန် တိုင်းတောင်သူ ဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ ဦးဆောင်၍ မိမိတို့သီးနှံများကို မိမိကိုယ်တိုင် စျေးပြိုင်တင်ဒါစနစ်ဖြင့် နိုင်ငံတကာပို့ကုန် လုပ်ငန်းရှင်များထံ Viber Video Call ခေါ်ကာ  နေ့အလိုက် မိုးနှမ်းစုပေါင်း‌ရောင်းချပွဲအား မြင့်မြတ်တော်ဝင်ကုမ္ပဏီ ကာလာစက်၊ သင်ကြားရေး ဆေးရုံလမ်း၊ မကွေးမြို့တွင် ၁၇.၈.၂၀၂၃ ရက်နေ့မှစ၍ ပွဲခလွတ်ဝယ်ယူပေးလျှက် ရှိပါသည်။

ရောင်းချမည့်တောင်သူများဘက်မှလည်း ရောင်းချမည့်သီးနှံသည် သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီ ရမည်ဖြစ်သည်။ ယခုလက်ရှိတွင် တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ နှမ်းဖြူ(၁)တင်းစျေးနှုန်းများကို A,B,C,D အစရှိသည့် အဆင့်များခွဲကာ အဆင့်အလိုက် စျေးနှုန်းသတ်မှတ် ဝယ်ယူလျှက်ရှိရာ နေ့စဉ်နှမ်းဖြူတင်းရေ (၁၀၀၀) ကျော် ဝယ်ယူနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယခင်နှစ်တွင် လာရောက်ရောင်းချသော နှမ်းအများစုမှာ နှမ်းနက်(စမုံ)များဖြစ်ပြီး ယခုနှစ်တွင် နှမ်းဖြူ(ဂျပန်) များကို လာရောက်ရောင်းချကြသည့်အပေါ် မေးမြန်းရာ နှမ်းဖြူ(ဂျပန်)မျိုးသည် နိုင်ငံအများအပြားမှ ကြိုက် နှစ်သက်ကြသည့်အပြင် နှမ်းစိုက်ပျိုးချိန် သက်တမ်းတိုကာ နှမ်းရိုးကျွတ် မြေပေါ်တွင် မြေပဲများ ပြန်လည်စိုက်ပျိုး ရမည်ဖြစ်သည့်အတွက် ယခုနှစ်ရာသီဥတုအခြေအနေအရ အမြန်ပြန်လည်စိုက်ပျိုးရန် ဖြစ်သည့်အတွက် နှမ်းဖြူ များကိုသာ အများအပြားစိုက်ပျိုးကြခြင်းဖြစ်ကြောင်း၊ ယခုနှစ်နှမ်းထွက်ရှိမှုမှာ တစ်ဧကလျှင် (၁၀)တင်းကျော် ထွက်ရှိကြောင်း သိရှိရပါသည်။

 တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့(မကွေး)မှ ဝယ်ယူပေးခဲ့သည့် နှမ်းဖြူ(၁)တင်းစျေးနှုန်းများမှာ-

စဉ် ရက်စွဲ (၁)တင်းစျေးနှုန်းများ
A B C D
1 17.8.2023 141000 140000 139000 136000
2 18.8.2023 141600 140600 139600 136600
3 19.8.2023 141000 140000 139000 136000
4 21.8.2023 145000 144000 143000 140000
5 22.8.2023 143000 142000 141000 138000
6 23.8.2023 142500 141500 140500 137500

စသည့်စျေးနှုန်းများဖြင့် ရက်အလိုက် ဝယ်ယူပေးနေကြောင်း တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့မှ သတင်းရရှိပါသည်။

မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News