International News

အယ်နီညိုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ အထွက်နှုန်း ထိခိုက်သဖြင့် စားအုန်းဆီဈေး မြင့်တက်မည်

Last Updated:

အယ်နီညိုရာသီဥတုပုံစံများကြောင့် စားအုန်းဆီ ကမ္ဘာ့ထိပ်တန်းထုတ်လုပ်သူ အင်ဒိုနီးရှားနိုင်ငံတွင် အထွက်လျော့မည်ဟု မျှော်လင့်ထားသောကြောင့် ၂၀၂၄ ခုနှစ်တွင် စားအုန်းဆီကြမ်း ဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် အနည်းဆုံး ၁၁% ပိုမြင့်တက်နိုင်သည်ဟု အင်ဒိုနီးရှား စားအုန်းဆီအသင်း (GAPKI) က ထုတ်ပြန်ကြေညာခဲ့သည်။ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် တင်ပို့မှု လျော့ကျသည့် နေကြာဆီကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီများ တင်ပို့မှုလျော့ကျခြင်းနှင့် စားအုန်းဆီ အထွက်နည်းခြင်းတို့ကြောင့်  စားအုန်းဆီ အပါအဝင် ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းကို တွန်းတင်ပေးမည်ဖြစ်ကြောင်း ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကိတ်မုန့်မှအစ ခေါင်းလျှော်ရည်အထိ သန့်ရှင်းရေးသုံးပစ္စည်းများအထိ သုံးစွဲသော စားအုန်းဆီသည် အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှား၊ ယူကရိန်းနှင့် ကနေဒါတို့မှ အဓိကထုတ်လုပ်သည့် ပဲပုပ်ဆီ၊ နေကြာဆီနှင့် မုန်ညှင်းကာနိုလာဆီတို့နှင့် ဈေးနှုန်းအတက်အကျ အချိတ်အဆက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှား၏ စားအုန်းဆီကြမ်း ထုတ်လုပ်မှုသည် ယခင်နှစ်က တန်ချိန် ၄၆.၇ သန်းထက် တန်ချိန် ၁ သန်းခန့် မြင့်တက်လာနိုင်ကြောင်း Hasan မှ ပြောကြားခဲ့သည်။

သို့သော်လည်း အယ်နီညိုရာသီဥတု ပြင်းထန်မှု အတိုင်းအတာအရ ထုတ်လုပ်မှုသည် ၂၀၂၄ ခုနှစ်တွင် ကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောသည်။ “အယ်နီညိုရဲ့ သက်ရောက်မှုက မြင်သာနေပါပြီ။ အပူချိန်တွေ မြင့်တက်လာပြီး ရာသီဥတု အလွန်ခြောက်သွေ့လာတယ်။ လာမယ့်နှစ်မှာ ဆီအုန်းထုတ်လုပ်မှုအပေါ် အယ်နီညိုရဲ့ တကယ့်သက်ရောက်မှုကို မြင်တွေ့ရမှာပါ" ဟု ၎င်းက ပြောသည်။

Source thestar

https://www.foodindustrydirectory.com.mm

Category: International News