International News

ဗီယက်နမ်ဒူးရင်း တင်ပို့မှု ဒေါ်လာ ၂.၁ ဘီလီယံသို့ စံချိန်သစ်တင် ရောက်ရှိ

Last Updated:

တရုတ်နိုင်ငံမှ ဝယ်လိုအားမြင့်တက်လာမှုကြောင့် ဗီယက်နမ်ဒူးရင်း တင်ပို့မှုသည်  ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း စံချိန်တင် အမေရိကန်ဒေါ်လာ ၂.၁ ဘီလီယံအထိ ရှိခဲ့သည်။ ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း Vietnam Fruits & Vegetables Association (Vinafruit) ၏ အဆိုအရ ၎င်း ၁၀ လတာကာလအတွင်း ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံတင်ပို့မှုအားလုံး၏ စုစုပေါင်း တန်ဖိုးတွင် ၅၁ ရာခိုင်နှုန်းသည် ဒူးရင်းတင်ပို့ခြင်းဖြစ်သည်။

ဒူးရင်းတင်ပို့ခြင်း စုစုပေါင်း တန်ဖိုးတွင် ၉၄% သည် လတ်ဆတ်ဒူရင်းသီးများ တင်ပို့ခြင်းဖြစ်ပြီး ကျန်သည့် ၆% သည် အေးခဲနှင့် အခြောက်ခံထားသည့် ဒူရင်းများ တင်ပို့ခြင်းဖြစ်သည်။ဗီယက်နမ်ဒူရင်း တင်ပို့မှု စုစုပေါင်း တန်ဖိုး၏ ၉၇% သည် တရုတ်ပြည်မှ ဝယ်ယူခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁.၉ ဘီလီယံဖိုး ဝယ်ယူခဲ့သည်။ ချက်နိုင်ငံက ကန်ဒေါ်လာ ၁၀ သန်းဖိုး ဝယ်ယူခဲ့သည်။

တရုတ်နိုင်ငံသို့ ဒူးရင်းတင်ပို့မှုတွင် ဗီယက်နမ်နိုင်ငံသည် မလေးရှားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို ကျော်တက်သွားခဲ့သည်။ ထိုင်းနိုင်ငံသည် အများဆုံးတင်ပို့သူအဖြစ် ဆက်လက်ရပ်တည်နေပြီး ဗီယက်နမ်နိုင်ငံသည် ဒုတိယအများဆုံး တင်ပို့သူ ဖြစ်သည်ဟု Vinafruit ၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က ပြောကြားသည်။ ဗီယက်နမ်ဒူးရင်း တင်ပို့မှုသည် ယခုနှစ်တွင် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ရှိနိုင်မည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။ ဗီယက်နမ်နိုင်ငံရှိ ဒူးရင်းခြံဧရိယာသည် ၂၀၁၀ ခုနှစ်တွင် ဟက်တာ ၉၂,၀၀၀ မှ ယခုအခါ ၁၃၁,၀၀၀ သို့ တိုးလာခဲ့သည်။ ယခုနှစ်တွင် ဒူရင်းတန်ချိန် ၁ သန်း ထွက်ရှိမည်ဟု ခန့်မှန်းထားကြသည်။

Source: vnexpress 

Source: https://www.foodindustrydirectory.com.mm

Category: International News